နမ့်ဖတ်ကာကျေးရွာအနီးမှာ တိုက်လေယာဉ်ပျက်ကျလာတဲ့အချိန် အမည်မသိအမျိုးသားနှစ်ဦး ကချင်ဘာသာစကားနဲ့ လေယာဉ်ပျက်ကျလာတဲ့အကြောင်း အပြန်အလှန်ပြောဆိုနေတဲ့ ရုပ်သံတစ်ခုထွက်ပေါ်လာပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာအနီးမှာ ဇန်နဝါရီလ ၁၆ ရက်နေ့က စစ်ကောင်စီတိုက်လေယာဉ်ကို သူတို့ပစ်ချခဲ့တယ်လို့ KIA က အတည်ပြုထားပါတယ်။

ဒီရုပ်သံဖိုင်ဟာ မှန်ကန်မှု ရှိ၊ မရှိ The 74 Media က ဆက်လက် စုံစမ်းနေပါတယ်။

 

သင့်ထင်မြင်ချက်ရေးပေးပါ