စစ်ကိုင်းတိုင်း ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားသော အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို နိုဝင်ဘာလ ၁၅ ရက်နေ့က ယင်းမာပင်ခရိုင်တပ်ရင်း (၁၁) (ကျားသစ်နက်)အဖွဲ့ဦးဆောင်ကာ ပခုက္ကူခရိုင်အမှတ် (၁၅)တပ်ရင်း (ကျားသစ်နက်) ၊ ပခုက္ကူခရိုင်အမှတ် (၁၄)တပ်ရင်း ၊ ပခုက္ကူခရိုင် အမှတ် (၁၇)တပ်ရင်း တပ်ခွဲ -၂ (သံမဏိသိန်းငှက် )၊ ယင်းမာပင်ခရိုင် တပ်မဟာစစ်ကြောင်းနှင့် PCL (LDF) (မြိုင်)၊ နဂါးနီအထူးတိုက်ခိုက်ရေးတပ်ဖွဲ့ (မြိုင်) ၊ ယင်းမာပင်ခရိုင် တပ်ရင်း (၁၇) ၊ ယင်းမာပင်ခရိုင် တပ်ရင်း (၂၉)တို့ သွားတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးခဲ့ကြောင်းသိရသည်။

 

သင့်ထင်မြင်ချက်ရေးပေးပါ