ဖားကန့်မြို့ မှော်စီစာကျေးရွာအနီးတွင် အမျိုးသားတစ်ဦး ဓားရှည်ဖြင့်ခုတ်ကာ ဆိုင်ကယ်လုယက်ခံခဲ့ရကြောင်း သိရသည်။

မြန်မာသူက ကုမ္ပဏီအနီးတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ကြိုတင်စောင့်ဆိုင်းနေသည့် အမျိုးသားသုံးဦးက အမျိုးသားတစ်ဦးတည်း မောင်နင်လာသည့် ဆိုင်ကယ်ကို ဓားဖြင့် ခုတ်ကာ လုယူသွားခြင်းဖြစ်သည်ဟု လုယက်ခံခဲ့ရသူက The 74 Media ကိုပြောသည်။

“သုံးယောက်ထွက်ခဲ့တာ ခြုံပုတ်ထဲကနေ ဓားရှည်နဲ့ အရင်လှမ်းခုတ်တာ၊ ရှောင်ရင်းလှဲသွားတဲ့အခါ ကျွန်တော်ဆိုင်ကယ်ကို သုံးယောက်စီးပြီး ယူသွားပေးတယ်” ဟုပြောသည်။

လုယက်ခံရသည့် ဆိုင်ကယ်မှာ ၁၂၅ အမျိုးအစား CANDA ဖြစ်ပြီး သက်ဆိုင်ရာလူကြီးများကိုလည်း အကြောင်းကြားထားပြီဖြစ်ကြောင်း မှော်စီစာကျေးရွာနေ ရေမဆေးကျောက်ရှာဖွေသူတစ်ဦးက ပြောသည်။

“ကျွန်တော်ကကျောက်ရှာပြန်လာတာ။ ဆိုင်ကယ်လုခံရတဲ့ကောင်လေးက အော်နေတာကြားလို့ သွားမေးတာ။ ဟိုကောင်တွေက လုပြီးထွက်ပြေးသွားပြီ” ဟုပြောသည်။

လုံးခင်းကျေးရွာ သုသာန်အနီးတွင်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်နေ့က  ဆိုင်ကယ်လုယက်ခံမှု ဖြစ်ပွားခဲ့သည်။

သတင်း – Pe Ti

သင့်ထင်မြင်ချက်ရေးပေးပါ