မြန်မာနိုင်ငံအနှံ့တွင် အောက်တိုဘာ ၁ ရက်နေ့မှ ၆ ရက်နေ့အတွင်း ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများတွင် စစ်ကောင်စီ ၂၈၂ ဦးခန့်သေဆုံးကြောင်း NUG ဝန်ကြီးဌာနများ၏ အချက်များအရ သိရသည်။

ခုနှစ်ရက်အတွင်း ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်များတွင် စစ်ကောင်စီ ၂၈၂ ဦး သေဆုံးပြီး ၄၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်များတွင် စစ်အင်အားနှင့် လက်နက်ရိက္ခာ ပို့ဆောင်သည့် စစ်ကောင်စီ ထောက်ပို့ယာဉ်တန်းများကိုလည်း မိုင်းဆွဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ပြီး ကား ၄ စီး ပျက်စီးခဲ့သည်။

အဆိုပါထုတ်ပြန်ချက်အရ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့တွင် တိုက်ပွဲအများဆုံးဖြစ်ပွားခဲ့သည်။

ထုတ်ပြန်ချက်ကို ကာကွယ်ရေးဝန်ကြီးဌာနက နေ့စဉ် စစ်ရေးသတင်းအကျဉ်းချုပ်ဟူ၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အဆိုပါအချက်အလက်များနှင့်ပတ်သက်ပြီး The 74 Media က သီးခြား အတည်ပြုနိုင်ခြင်း မရှိပါ။

 

သင့်ထင်မြင်ချက်ရေးပေးပါ