စစ်ကောင်စီတပ်

မြန်မာနိုင်ငံအနှံ့တွင် စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၇ ရက်နေ့အတွင်း ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများတွင် စစ်ကောင်စီ ၂၈၃ ဦးခန့်သေဆုံးကြောင်း NUG ဝန်ကြီးဌာနများ၏ အချက်များအရ သိရသည်။

စစ်ကောင်စီတပ်

ဆယ်ရက်အတွင်း ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်များတွင် စစ်ကောင်စီ ၂၆၈ ဦး သေဆုံးပြီး ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

တိုက်ပွဲနှင့်ပဋိပက္ခအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ၂ ဦး ကျဆုံးခဲ့ပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အဆိုပါထုတ်ပြန်ချက်အရ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း တို့တွင် တိုက်ပွဲအများဆုံးဖြစ်ပွားခဲ့သည်။

တိုက်ပွဲနှင့် ပဋိပက္ခများကြောင့် ပြည်သူ ၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး  ၄၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထုတ်ပြန်ချက်ကို ကာကွယ်ရေးဝန်ကြီးဌာနက နေ့စဉ် စစ်ရေးသတင်းအကျဉ်းချုပ်ဟူ၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အဆိုပါအချက်အလက်များနှင့်ပတ်သက်ပြီး The 74 Media က သီးခြား အတည်ပြုနိုင်ခြင်း မရှိပါ။

Photo Credit to Reuters

သင့်ထင်မြင်ချက်ရေးပေးပါ