ဒီးမော့ဆိုတိုက်ပွဲအတွင်း ပျောက်ဆုံးသွားသော PDF အမျိုးသမီးတပ်ဖွဲ့ဝင်အား ပြန်လည်ကယ်တင်နိုင်ခဲ့
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့ရှိ ခြောက်မိုင်ကျေးရွာတွင် ယမန်နေ့ကတိုက်ပွဲအတွင်း ပျောက်ဆုံးသွားသည့် PDF နှစ်ဦးမှ အမျိုးသမီးတစ်ဦးကို ယနေ့နံနက် ကိုးနာရီခန့်တွင် ကယ်ထုတ်နိုင်ခဲ့သည်ဟု သိရသည်။
ယနေ့နံနက် ၉ နာရီခန့်တွင် ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“မနေ့ကတိုက်ပွဲမှာ လူနှစ်ယောက်ပျောက်ဆုံးသွားပါတယ်။ မိန်းကလေးတစ်ယောက်နဲ့ ယောက်ျားလေး တစ်ယောက်ပါ။ မိန်းကလေးတစ်ယောက်ကိုတော့ ဒီမနက် ကိုးနာရီလောက်မှာ ကယ်ထုတ်နိုင်ခဲ့ပါတယ်”ဟု သူကပြောသည်။
ဒီးမော့ဆိုတိုက်ပွဲအတွင်း ပျောက်ဆုံးသွားသော PDF အမျိုးသမီးတပ်ဖွဲ့ဝင်အား ပြန်လည်ကယ်တင်နိုင်ခဲ့
၎င်းနှင့်အတူ တိုက်ပွဲတွင် ပျောက်ဆုံးသွားသော အခြား PDF တပ်ဖွဲ့ဝင်တစ်ဦးမှာ ကျဆုံးသွားခဲ့ပြီး ရုပ်အလောင်းပြန်လည်ရရှိရန်အတွက် ကြိုးစားနေကြောင်း သူက ဆက်ပြောသည်။
ကယ်ထုတ်နိုင်ခဲ့သည့် အမျိုးသမီးတွင် ထိခိုက်ဒဏ်ရာကြီးကြီးမားမား မရရှိခဲ့သော်လည်း ကြောက်လန့်နေသေးကြောင်း သိရသည်။
စက်တင်ဘာလ ၂၀ ရက် စစ်ကောင်စီတပ်နှင့်ဖြစ်ပွားခဲ့သော ဒီးမော့ဆိုတိုက်ပွဲအတွင်း PDF တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့ပြီး လေးဦးဒဏ်ရာရရှိခဲ့သည်။
ကယားပြည်နယ်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲပေါင်း ၇၃ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၉၃ ဦးနှင့် ဖမ်းဆီးခံရသူ ၁၃၉ ဦးရှိကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) မှ စက်တင်ဘာ ၁၈ ရက်နေ့က ထုတ်ပြန်ထားသည်။
သင့်ထင်မြင်ချက်ရေးပေးပါ