Breaking News 47 Media
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်) ကျောက်သွေးတောင် အနီးတွင် ယနေ့ စက်တင်ဘာလ ၁၈ ရက်နေ့၊ ည ၇ နာရီခွဲခန့်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ဆိုင်းတောင် ကျောက်သွေးတောင်ဘက် ပေါက်တာ၊ တစ်လုံးတည်း၊ ထိခိုက်တာတော့ မကြားသေးဘူး၊ အငွေ့ထွက်နေတာတော့တွေ့ရတယ်၊ ဟိုနေ့ကလည်း ဆိုင်းတောင်မှာပဲ Mytel တာဝါတိုင် ခွဲသေးတယ်လေ “ဟု သူကပြောသည်။
ယနေ့ည ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး အသေးစိတ်အချက်အလက်ကို The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်) ကျေးရွာရှိ Mytel တာဝါတိုင်ကို စက်တင်ဘာလ ၁၆ ရက်နေ့ညတွင် မိုင်းခွဲဖျက်ဆီးခံခဲ့ရသည်။
သင့်ထင်မြင်ချက်ရေးပေးပါ