Breaking News 47 Media
စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ယနေ့နံနက် ၁၀ နာရီခန့်က မြစ်ကြီးနားမြို့သို့ ရောက်ရှိခဲ့ကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် နီးစပ်သူများထံက သိရသည်။

စစ်ကောင်စီဥက္ကဌလိုက်ပါစီးနှင်းသည့် ယာဉ်တန်းမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ဝင်သွားကြောင်း မျက်မြင်တစ်ဦးက The 74 Media ကိုပြောသည်။
“သူပါလာတဲ့ ယာဉ်တန်း မ.ပ.ခ ထဲ ၁၀ နာရီလောက်ဝင်သွားတယ်။ သူပါတဲ့ယာဉ်တန်းဖြစ်ဖို့ သေချာတယ်။ တိုင်းမှူးယာဉ်တန်းက ကားအဲလောက်များလေ့မရှိဘူး” ဟု ပြောသည်။
စစ်ကောင်စီဥက္ကဌသည် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ၊ အာဏာသိမ်းလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်များနှင့် တွေ့ဆုံမည်ဟု သိရပြီး မြစ်ကြီးနားမြို့အနီးတဝိုက်တွင် လုံခြုံရေးတင်းကြပ်ထားသည်။
စစ်အာဏာသိမ်းခေါင်းဆောင်၏ မြစ်ကြီးနားမြို့ခရီးစဉ်နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
စစ်အာဏာသိမ်းခေါင်းဆောင်သည် စစ်အာဏာမသိမ်းမီ ဒီဇင်ဘာလအတွင်း မြစ်ကြီးနားမြို့နှင့် ခေါင်လန်ဖူးမြို့နယ်များသို့ သွားရောက်ခဲ့သည်။
သင့်ထင်မြင်ချက်ရေးပေးပါ