ဖားကန့်မြို့နယ်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်) ကျေးရွာရှိ Mytel တာဝါတိုင်တွင် ယမန်နေ့ စက်တင်ဘာလ ၁၆ ရက်နေ့ ည ၈ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဆိပ်မူ (ဆိုင်းတောင်) ရပ်ကွက် (၄) ကျောက်သွေးတောင်အနီးရှိ Mytel တာဝါတိုင်တွင် စက်တင်ဘာလ ၁၆ ရက်နေ့၊ ည ၈ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
“မနေ့ညက ကွဲတဲ့အသံကြားလိုက်တာ။ Mytel ရုံးကပိတ်ထားတာကြာပြီ တိုက်ပဲရှိတယ်၊ တာဝါတိုင်ကြီးကတော့ မလှဲသွားဘူး၊ အဓိကတော့ စက်ပေါ့နော်။ ညကတော့ စစ်တပ်ကတွေ ရောက်တယ်တဲ့” ဟုသူကပြောသည်။
တာဝါတိုင်ကို မည်သည့်အဖွဲ့အစည်းက ဖောက်ခွဲခဲ့သည်ကို မသိရှိရကြောင်း သူကဆက်ပြောသည်။
ယခုကဲ့သို့ Mytel တာဝါတိုင် ဖောက်ခွဲခံရခြင်းသည် ကချင်ပြည်နယ်တွင် ပထမဆုံးအကြိမ် ဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသအတွင်း စက်တင်ဘာလ ၇ ရက်နေ့က တစ်ရက်တည်းတွင် Mytel တာဝါတိုင် ၁၃ ခု ဖောက်ခွဲဖျက်စီးခံခဲ့ရသည်။
သင့်ထင်မြင်ချက်ရေးပေးပါ