ရဲတပ်ဖွဲ့ဝင်များ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကဝါးခကျေးရွာရှိ စားသောက်ဆိုင်တွင် လူငယ် ၈ ဦး မိသားစုနှင့် တွေ့ခွင့် မရသေးကြောင်း သိရသည်။

ကဝါးခကျေးရွာရှိ စားသောက်ဆိုင်တွင် စက်တင်ဘာ ၁၁ ရက်နေ့ ညနေ ၅ နာရီခန့်က ဖမ်းဆီးခံရသည့် လူငယ် ၈ ဦးကို လက်ရှိအချိန်တွင် အမှတ် ၁ ရဲစခန်းတွင် ထိန်းသိမ်းထားပြီး စစ်ဆေးနေသည်ဟု အမည်မဖော်လိုသည့် နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။
ရဲတပ်ဖွဲ့ဝင်များ
“အမှတ် ၁ ရဲစခန်းမှာ ကိုဗစ်ချိန်မို့လို့ဆိုပြီး ရပ်ကွက်က လူကြီးတစ်ယောက်ပဲ သွားကြည့်တော့ အခုထိ စစ်နေတုန်းဘဲပြောတယ် အခု သူတို့ခေါ်လာခဲ့မယ်၊ ပြန်အကြောင်းကြားမယ်ပြောပြီး အခုထိ အကြောင်းမကြားဘူး အဲ့လိုဖြစ်နေတယ်။” ဟုသူကပြောသည်။
ဖမ်းဆီးခံရသူ ၈ဦးတွင် ကဝါးခကျေးရွာမှ နှစ်ဦးပါဝင်ပြီး ၈မိုင်ကျေးရွာနှင့် ၁၀ မိုင်ကျေးရွာတို့မှ ပါဝင်ကြောင်းသူကဆက်ပြောသည်။
ဖမ်းဆီးခံရသည့် လူငယ် ၈ ဦးကို စက်တင်ဘာလ ၁၁ ရက်နေ့က အရပ်ဝတ်ဖြင့် လက်နက်ကိုင်ဆောင်ထားသူ ၈ ဦးခန့်က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“အရပ်ဝတ်နဲ ရဲ 8 ယောက်အိမ်စီးကား နှစ်စီး ဟုတ်တယ်၊ အရောင်တော့ မသိတော့ဘူး။ ရောက်တာနဲ့ တစ်ခါတည်း လူငယ်တွေကို ဒူးထောက် လက်ခေါင်းပေါ်တင်ဆိုပြီး ဖမ်းသွားတယ် ဘယ်ခေါ်သွားလဲတော့မသိဘူး” ဟုသူကပြောသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်းအနီးတွင် စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၄ နာရီခွဲခန့်ကလည်း လူငယ် ၇ ဦးနှင့် အထက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ဓါတ်ပုံ / မြစ်ကြီးနားမြို့တွင် ​ဖေ​ဖော်ဝါရီလအတွင်း စစ်အာဏာရှင်ဆန့်ကျင်​ရေးဆန္ဒပြပွဲတွင်​ တွေ့ရသည့် ရဲတပ်ဖွဲ့ဝင်များ။
သင့်ထင်မြင်ချက်ရေးပေးပါ