ဒုဥက္ကဌ ဒု ဗိုလ်ချုပ်ကြီး ဂွန်မော်
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စစ်ကောင်စီကို နိုင်ငံတစ်ဝှမ်း လှည်းနေ လှေအောင်း မြင်းဇောင်း မကျန် တော်လှန်ကြရန် ကြေညာအပြီး ကချင်လွတ်မြောက်ရေးကောင်စီ (KIO/KIA/KIC) ၏ ဒုဥက္ကဌ ဒု ဗိုလ်ချုပ်ကြီး ဂွန်မော်က သူ၏လူမှုကွန်ရက်စာမျက်နှာတွင် သမ္မာကျမ်းစာထဲမှ စာပိုဒ်တစ်ခုကို ရေးတင်ခဲ့သည်။

“AND JOSHUA SAID UNTO THE PEOPLE. SANCTIFY YOURSELVES; FOR TOMORROW THE LORD WILL DO WONDERS AMONG YOU.”
Joshua 3:5
အဆိုပါ သမ္မာကျမ်းစာကို မြန်မာဘာသာ အရ အောက်ပါအတိုင်းဖတ်ရှုနိုင်ပါသည်။
” ယောရှုကလည်း၊ သင်တို့သည် ကိုယ်ကိုယ်ကိုယ် သန့်ရှင်းစေကြလော့။ အကြောင်းမူကား၊ နက်ဖြန်နေ့၌ ထာဝရဘုရားသည် အံ့ဘွယ်သော အမှုတို့ကို သင်တို့တွင် ပြုတော်မူမည်ဟု လူများတို့အား မှာထားလေ၏။”
(ယောရှုမှတ်စာ ၃:၅)
သင့်ထင်မြင်ချက်ရေးပေးပါ