ကောလင်း

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ် ကျောက်ပုထိုးဒေသအနီးတွင် ယနေ့နံနက် ၇ နာရီခွဲခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်တို့၏ စစ်ကားနှစ်စီးကို ကောလင်း PDF များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကျောက်ပုထိုးဒေသ ဖလှဲရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးခန့်ပါသည့် စစ်ကား နှစ်စီးကို ကောလင်း (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) PDF တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“ကျောက်ပုထိုးရွှေတွင်းရဲ့ အရှေ့တည့်တည့် ဖလှဲရွာကြားမှာ ဖြစ်တာ။ တိုက်ပွဲဖြစ်သလိုပဲ PDF တွေက မှိုင်းဆွဲပြီးပြေးပြီထင်တယ် စကစ တွေဘက်ကတော့ ပြန်ပစ်နေကြတာ တိုက်ပွဲဖြစ်နေသလိုပဲ” ဟုပြောသည်။

ထိုစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွှေဘို – မြစ်ကြီးနားလမ်းတွင် ယမန်နေ့ညက ညအိပ်ပြီး ယနေ့နံနက် ဘန့်ဘွေးကုန်းကျေးရွာသို့ ထွက်ခွာချိန် မိုင်းခွဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်းသိရသည်။

စစ်ကိုင်းတိုင်း ကောလင်းမြို့တွင် ဇူလိုင် ၄ ရက်နေ့ကလည်း ကောလင်းမြို့သို့ တက်လာသည့် စစ်ကောင်စီ ယာဉ်တန်းကို ကောလင်း PDF တပ်ဖွဲ့မှ မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးခန့်သေဆုံးပြီး PDF တပ်ဖွဲ့ဝင် သုံးဦး သေဆုံးခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ