KIA solider

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ နမ့်ခမ်း ကျေးရွာ အနီးတစ်ဝိုက် ယနေ့ဩဂုတ်လ ၂၃ ရက်နေ့၊ နံနက် ၈ နာရီခန့်က စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကချင်လွတ်မြောက်ရေးတပ် (KIA) က တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်ဖွဲ့ ခ.လ.ရ (၇၄) ၊ ခ.မ.ရ (၂၉၇) နှင့် ခ.မ.ရ (၃၁၈) ပူးပေါင်းတပ်ဖွဲ့များက စစ်အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားလာသဖြင့် KIA ကေအိုင်အေ တပ်မ (၂)၊ တပ်ရင်း (၁၄) တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထို့အတူ ရှမ်းပြည် နမ်ဖတ်ကာဒေသ၊ မန်ဒုန် နှင့် နမ်ဒူကြား ပန်လုံလမ်းတစ်လျောက်တွင် ယနေ့ဩဂုတ်လ ၂၃ ရက်နေ့၊ နံနက် ၈ နာရီခန့်တွင် စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကချင်လွှတ်လပ်ရေးတပ်( KIA ) တပ်ရင်း ၄ တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခံရသောကြောင့် အနီးရှိ ကျေးရွာဒေသများသို့ လက်နက်ကြီး၊လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေ့စဉ်နှင့်အမျှ စစ်အင်အားတို့းချဲ့မှုများကို ဆက်လက်ပြုလုပ်နေသဖြင့် ကချင်ပြည်နယ်၊နှင့် ရှမ်းပြည်နယ် ကေအိုင်အေ တပ်မဟာ (၆)၊ တပ်ရင်း ၃၆ နယ်မြေတွင် MNDAA နှင့် စစ်ကောင်စီတပ်ဖွဲ့များ နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ