ဖားကန့်ရှိ စစ်ကောင်စီ ရဲ

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ကောင်စံကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကို ယမန်နေ့ည ၁၀ နာရီခန့်တွင် KIA အဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ စွန့်ခွာသွားသော ရဲစခန်းကို KIA က မီးရှို့ဖျက်စီးလိုက်ခြင်းဖြစ်သည်ဟု ဖားကန့်ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“စစ်ကောင်စီအဖွဲ့ဝင်တွေက နိုင်ငံရေး မငြိမ်သက်လာတော့ ရွာပြင်မှာကြောက်လို့ အင်အားပေါင်းတဲ့အနေနဲ့ ဆိုင်းတောင်ကျေးရွာဘက် သွားပူးပေါင်းတာပေါ့။ အဲ့တာကို KIA ကလည်း သူတို့ ပြန်လာနေလို့ မရအောင် တပ်စခန်းကို မီးရှို့ပေးလိုက်တာ” ဟု သူကပြောသည်။
KIA အဖွဲ့မှ မီးရှို့ဖျက်စီးလိုက်သော စစ်ကောင်စီတပ်စခန်းမှာ ရဲတပ်ရင်း (၃၀) ဖြစ်ကြောင်း သူကပြောသည်။
ဖားကန့်မြို့နယ်ရှိ စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများနှင့် ရွာတစ်ချို့တွင် စစ်ကောင်စီရဲတပ်ဖွဲ့ဝင်များက တပ်စွဲနေရာယူထားမှုများ ယခင်ကထက် ပိုမိုများလာကြောင်း ဒေသခံများ၏ပြောဆိုချက်များအရ သိရသည်။
ဖားကန့်မြို့နယ်တွင် သြဂုတ်လ ၂၀ရက်နေ့၊ ည ၈ နာရီခန့်မှ စ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖုန်းအော်ပရေတာ အားလုံး၏ ဖုန်းအင်တာနက်လိုင်းများနှင့် Wifiလိုင်းများ ဖြတ်တောက်ထားသည်။

ဓါတ်ပုံ / မြစ်ကြီးနားမြို့တွင် ​ဖေ​ဖော်ဝါရီလအတွင်း စစ်အာဏာရှင်ဆန့်ကျင်​ရေးဆန္ဒပြပွဲတွင်​ တွေ့ရသည့် ရဲတပ်ဖွဲ့ဝင်များ။

သင့်ထင်မြင်ချက်ရေးပေးပါ