Breaking News 47 Media

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ကချင်စုရပ်ကွက်တွင် ယနေ့ ည ၇နာရီအချိန်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ကချင်စုရပ်ကွက် ကမ်းနားလမ်းတွင် ဗုံးပေါက်ကွဲခဲ့ကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက The 74 Media ကပြောသည်.
“အိမ်နဲ့နီးတယ်။ အကျယ်ကြီးပဲ။ ဝန်းသိုကျောင်း အနောက်ဖက်နားမှာ ပေါက်ကွဲတာ။ မတရားကျယ်တယ်။ အဲနားက အိမ်တွေ ခါထွက်ကုန်တယ်” ဟုသူကပြောသည်။
ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ ရှိ၊ မရှိ ကို The 74 Media က အတည်ပြုနိုင်ခြင်းမရှိသေးပါ။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြစ်ကြီးနားမြို့တွင် အသံဗုံး(သို့) မိုင်းပေါက်ကွဲမှုများ မကြာခဏဖြစ်ပေါ်နေသည်။

သင့်ထင်မြင်ချက်ရေးပေးပါ