Breaking News 47 Media

ကချင်ပြည်နယ် ဝိုင်းမော်မြို့ မဒိန်ကျေးရွာအနီးရှိ ခ.လ.ရ (၅၈) တပ်ရင်းတွင် ယနေ့ ဩဂုတ်လ ၁၈ ရက် ည ၈နာရီ ၄၀ မိနစ်အချိန်မှစတင်ကာ လက်နက်ကြီးအသံများ ပြန်လည်ကြားရကြောင်းသိရသည်။

လက်နက်ကြီးသံများသည် နှစ်ဖက်ပစ်ခတ်သံများနှင့်တူကြောင်း ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“အားရ ပါးရကို ချနေကြပြီ။ ခုထိ ပစ်နေကြတုန်း၊ အများကြီးပဲ ဆက်တိုက်ဘဲခုထိပစ်နေကြတုံးလက်နက်ကြီး အချက် ၂၀ လောက်ရှိပြီ အပြန်အလှန်သဘောဘဲ ပစ်နေပုံက” ဟု သူကပြောသည်။
ထို့ပြင် လက်နက်ကြီးပစ်ခတ်သံများကို မြစ်ကြီးနားမြို့ကလည်း ကြားနေရကြောင်းဒေသခံတစ်ဦးကပြောသည်။
“အသံတွေကြားနေရတယ်ဝိုင်းမော်ဘက်ကထင်တယ်‌ေမြာက်ပိုင်းကလားမသိဘယ်ကမှန်းမသိ ၅ချက်ကျော်ပြီ” ဟုသူကပြောသည်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ခလရ ၅၈ ပစ်ခတ်မှု့ကြောင့် ဩဂုတ်လ ၁၃ ရက်နေ့တွင် ဝူယန်မှ အသက် ၃၃နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ