ကေအိုင်အေ(The 74 Media_org)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် လာရှိုးမြို့အနီး ရှုခင်းသာတောင်တွင် ယနေ့ ဩဂုတ်လ ၁၅ ရက် နံနက် ၃ နာရီခန့်က ကေအိုင်အေနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်က လားရှိုးမြို့အနီးသို့ စစ်အင်အားနှင့် လက်နက်ရိက္ခာများ သယ်ဆောင်လာ‌ပြီး စစ်ရေးလှုပ်ရှားလာသဖြင့် ကေအိုင်အေက ကြားဖြတ်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်များမှ စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်ပြုလုပ်နေသောကြောင့် ကေအိုင်အေနှင့် မကြာခဏ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။
မုံးကိုးမြို့နယ် ဖောင်းဆိုင်ကျေးရွာ နားဟတ်တွင်လည်း ယနေ့ မွန်းလွှဲ ၃ နာရီခန့်က စစ်ကောင်စီတပ်နှင့် MNDAA တို့ကြားတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့ ပန်းကျေးရွာအနီးတွင်လည်းတွင် ဩဂုတ်လ ၆ ရက်ကလည်း စစ်ကောင်စီတပ်နှင့် MNDAA တို့ကြားတိုက်ပွဲဖြစ်ပွားခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ