စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်ခေါင်းဆောင်

ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ် ကာမိုင်းဂိတ်အနီးတွင် ဩဂုတ်လ ၁၁ ရက်နေ့ညက မအူပင်ပြည်သူ့စစ်ခေါင်းဆောင်၏ ကားပစ်ခတ်ခံရကြောင်း သိရသည်။

မအူပင် ပြည်သူ့စစ်ခေါင်းဆောင် စီးနှင်းလာသည့် ကားပစ်ခတ်ခံရပြီး ပျက်စီးနေသည်ဟု မျက်မြင်တွေ့ရှိခဲ့သည့် ခရီးသွား ပြည်သူ တစ်ဦးက The 74 Media ကိုပြောသည်။

“ကားတစ်စီး ပျက်တာမြင်လိုက်တော့ မအူပင်အထွက် ကာမိုင်းစစ်တပ်ဂိတ်မှာ မေးလိုက်တာ မနေ့ညက တိုက်ပွဲ​ြဖစ်ထားတာလားလို့ ပေါ့၊ အဲ့တာ ပြည်သူ့စစ်ခေါင်းဆောင် အပစ်ခံထားရတာတဲ့ မနေ့ညကတဲ့ သေလားရှင်လား မေးကြည့်တော့ သူတို့မဖြေဘူး” ဟု သူကပြောသည်။
ပစ်ခတ်ခံရသည့်ကားသည် NOAH ခဲရောင်ဖြစ်ပြီး ကျည်ထိမှန်ရာ အများအပြားဖြင့် ပျက်စီးနေကြောင်း သူက ဆက်ပြောသည်။
“မနက် ၁၀ နာရီက ကားရှိသေးတယ် လမ်းဘေးမှာ ထိုးထားတာ အရှေ့မှန်တွေ အနောက်မှန်တွေကွဲ အလယ်ရော ကားဘော်ဒီမှာရော ကျည်မှန်ရာတွေကြီးပဲ ဆယ်ချက် အထက်ပဲ၊ မြင်တာတော့ တစ်စီးပဲ သတင်းရလို့ ပစ်တာနေမှာ” ဟု သူကပြောသည်။
ကာမိုင်းဂိတ်အနီး ယခုကဲ့သို့ ပြည်သူစစ်ခေါင်းဆောင် ပစ်ခတ်ခံရမှုသည် ပထဦးဆုံးအကြိမ် ဖြစ်ကြောင်းသိရသည်။
စစ်ကောင်စီတပ်ဖွဲ့များ အခြေချထားသည့် စစ်ဆေးရေးဂိတ်အနီး ရှမ်းနီပြည်သူ့စစ်ဂိတ်တစ်ခုရှိသော်လည်း ပစ်ခတ်ခံရသည့် ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်သည် မည်သည့်အဖွဲ့မှဖြစ်သည်ကို သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။
ဖားကန့်မြို့နယ်၊ ကာမိုင်းဂိတ်အနီးတွင် စစ်ကောင်စီတပ်နှင့် ကေအိုင်အေတို့ကြား မကြာခဏ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး ဩဂုတ်လ ၂ ရက်နေ့တွင်လည်း နန့်ယားကျေးရွာရှိ ပြည်သူ့စစ်တပ်စခန်းကိုကေအိုင်‌ေအက လက်နက်ကြီး ပစ်ခတ်ခဲ့မှု ရှိခဲ့သည်။

ဓာတ်ပုံ – စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်ခေါင်းဆောင် တစ်ဦး မြောက်ပိုင်းတိုင်း တိုင်းမှူးနှင့် ယခုနှစ်အတွင်း တွေ့ဆုံစဉ်

သင့်ထင်မြင်ချက်ရေးပေးပါ