ကချင်ပြည်နယ်၊ ကေအိုင်အို ထိန်းချုပ်ရာဒေသအတွင်းရှိ မဂါးယန် စစ်ရှောင်စခန်းတွင် ယနေ့ နံနက်ပိုင်းက မြေပြိုမှုကြောင့် အသက် ၃၈ နှစ်အရွယ်ခန့် အမျိုးသမီးတစ်ဦးသေဆုံးသွားကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုခဲ့ခြင်းဖြစ်ပြီး The 74 Media က နံနက် ၁၁ နာရီအချိန် ဆက်သွယ်မေးမြန်းမှုအရ အခြားသေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူ ရှိ၊ မရှိ ဆက်လက်ရှာဖွေနေကြောင်း စစ်ရှောင်စခန်းတာဝန်ခံကပြောသည်။
မဂါးယန် စစ်ရှောင်စခန်းသည် လူဦးရေ နှစ်ထောင်ကျော်ရှိသော စစ်ရှောင်စခန်းတစ်ခုဖြစ်သည်။
သတင်းအပြည့်အစုံကို ဆက်လက် တင်ပြပါမည်။

Video Courtesy By unknown

သင့်ထင်မြင်ချက်ရေးပေးပါ