မိုင်ဂျာယန်တွင် ကိုဗစ်၁၉ ကူးစက်ခံရသူ ထက်ဝက်ခန့် ပြန်လည်သက်သာပျောက်ကင်း

ကေအိုင်အို ထိန်းချုပ်နယ်မြေရှိ မိုင်ဂျာယန်မြို့တွင် ယမန်နေ့ ဩဂုတ်လ ၉ ရက်နေ့က ကိုဗစ်၁၉ ပိုး‌ေတွ့လူနာ စုစုပေါင်း ၃၈၀ ဦး ထပ်တိုး ကြောင်းသိရသည်။

ပိုးတွေ့လူနာများသည် ပထမအကြိမ် ဆေးစစ်ရာတွင် negative အဖြေထွက်ထားပြီး ယခုတစ်ကြိမ်ထပ်မံစစ်ဆေးရာတွင် ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး ကော်မတီမှ သိရသည်။

Mungmyit sinli boarder မှ ကျောင်းသူ၊ ကျောင်းသား ၃၁၆ ဦးနှင့် အခြားကျောင်းမှ ကျောင်းသားကျောင်းသူများတွင် ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ကိုဗစ်အတည်ပြုလူနာများကို ကိုဗစ်ကုသရေးစင်တာများတွင်ညထားရှိကာ ကုသပေးနေပြီဖြစ်သည်။ ကိုဗစ်၁၉ ပိုး ရှိ၊ မရှိ စစ်ဆေးထားသည့်ပြည်သူ ၁၀၀၀ ကျော်၏ ရလဒ်အဖြေကိုလည်း စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း သိရသည်။
မိုင်ဂျာယန်မြို့ရှိ ကိုဗစ်အတည်ပြုလူနာ ကုသရေးစင်တာတွင် ဆေးကုသမှုခံယူနေသူ ၆၈၂ ဦးရှိပြီး Negative center တွင် စောင့်ကြည့်လူနာအဖြစ် ၂၃၂ ဦး ရှိသည်။

ကေအိုင်အိုထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မြို့နှင့် လိုင်ဇာမြို့များတွင် ကိုဗစ်၁၉ အတည်ပြုလူနာများကို တွေ့ရှိပြီးနောက်ပိုင်း မြို့အဝင်အထွက်များကို ယနေ့အချိန်အထိ ပိတ်ထားဆဲဖြစ်ပြီး နေရာအချို့ကို အသွားအလာ ကန့်သတ်ထားသည်။

သင့်ထင်မြင်ချက်ရေးပေးပါ