ဝိုင်းမော်တွင် ကျောင်းအပ်နှံရန် အုပ်ချုပ်ရေးမှူးများ စည်းရုံးနေ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မဒိန်ကျေးရွာအနီးရှိ ခ.လ.ရ (၅၈) တွင် ယနေ့ည ၈ နာရီခန့်မှစ၍ လက်နက်ကြီး လက်နက်ငယ် အသံများကြားရကြောင်း သိရသည်။

ခလရ ၅၈ တွင် လက်နက်ကြီး ၅ ချက်နှင့် လက်နက်ငယ်များ ဝိုင်းမော်မြို့နှင့် မြစ်ကြီးနားမြို့များမှ ကြားနေရကြောင်း ဝိုင်းမော်မြို့မှ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“မိုးရွာတာတောင် ကြားနေတာ အကျယ်ကြီးဘဲ ၅ ချက်လောက်ကြားတယ် ဟိုနေ့ကလို ဆက်တိုက်ဘဲ ကြားနေရတာ အကြီးကော အသေးကော စုံနေတာဘဲ ကြားနေရတာ” ဟု သူကပြောသည်။

လက်နက်ကြီးပစ်ခတ်နေမှုသည် The 74 Media မှ ဆက်သွယ်မေးမြန်းသည့် ၈ နာရီခွဲထိ ဆက်တိုက် ပစ်ခတ်နေကြောင်းလည်း သူကဆက်ပြောသည်။

ဝိုင်းမော်မြို့ရှိ ကိုဗစ်၁၉ စင်တာအနီးတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ပစ်ခတ်နေကြောင်း အနီးတွင်နေထိုင်သည့် ပြည်သူတစ်ဦးက The 74 Media ကိုပြောသည်။

“ဘောလုံးကွင်း ကွာရန်တင်းစင်တာမှာ နားမှာ စစ်သားတွေက အများကြီးပဲ သေနတ်က အသေပစ်နေ သေနတ်ကျည်က စင်တာဘက်ကို ကျနေတာ အစ်မတို့က မရှိ၊ ရှိမဲ့ ထောင့်လေးမှာပုန်းနေတာ ခုက ကိုဗစ်ကို ကြောက်လို့မသေရဘူး သူတို့ပစ်လို့သေတော့မယ် နီးနီးနားနားကို လာတွယ်နေတာ” ဟုသူကပြောသည်။

စစ်ကောင်စီ တပ်ရင်း ခ.လ.ရ (၅၈) ကို ဇူလိုင်လ ၂၉ ရက်နေ့ ညက ကေအိုင်အေက ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီး အချို့ဒဏ်ရာရရှိခဲ့သည်။ နောက်ညများတွင်လည်း ပစ်ခတ်သံများ ဆက်တိုက်ကြားခဲ့ရသော်လည်း ကေအိုင်အေက တိုက်ခိုက်ခြင်းမရှိကြောင်း ငြင်းဆိုထားသည်။

လွန်ခဲ့သော ဩဂုတ်လ ၃ ရက်နေ့ နှင့် ၄ ရက်နေ့တွင် စစ်ကောင်စီ၏ ရမ်းသမ်းပစ်ခတ်မှုများရှိကြောင့် ဒေသခံတို့၏ နေအိမ် ပျက်စီးခဲ့မှုများရှိခဲ့ပြီး ဇူလိုင်လ ၂၉ ရက်နေ့ညတွင် ပြည်သူတစ်ဦးလက်နက်ကြီးထိမှန် သေဆုံးခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ