မိုင်ဂျာယန်တွင် ကိုဗစ်၁၉ ကူးစက်ခံရသူ ထက်ဝက်ခန့် ပြန်လည်သက်သာပျောက်ကင်း

ကေအိုင်အေထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မြို့တွင် ကိုဗစ်၁၉ ဆေးကုသမှုခံယူနေသည့် အတည်ပြုလူနာ ၃၄၈ ဦး (Negative) အဖြေ ပြန်လည်ထွက်ရှိခဲ့ကြောင်း သိရသည်။

မိုင်ဂျာယန်တွင် ကိုဗစ်၁၉ ကူးစက်ခံရသူ ထက်ဝက်ခန့် ပြန်လည်သက်သာပျောက်ကင်း

 

မိုင်ဂျာယန်မြို့ရှိ ကိုဗစ်ရောဂါ ကူးစက်ခံရသူ (၆၄၈) ဦးမှ စုစုပေါင်း လူနာ (၃၄၈) ဦး Negative ဖြစ်ပြီး ပြန်လည်ကျန်းမာရေးကောင်းမွန်လာပြီဖြစ်သည်။
Negative ဖြစ်သူများထဲမှ ကျောင်းသူ၊ ကျောင်းသား ၁၁၆ ဦးကို ကျောင်းတွင် သီးသန့်ထားရှိပြီး ဒေသခံပြည်သူ ၂၃၂ ဦးကို negative စင်တာတွင်ထား၍ ကျန်းမာရေး စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
မိုင်ဂျာယန်မြို့တွင် ကိုဗစ်လူနာများကို ကုသပေးနေသည့် စင်တာ ငါးခု ရှိပြီး ယခုအချိန်တွင် ပြန်လည်ကောင်းမွန်လာသူများ များပြားလာပြီဖြစ်သောကြောင့် ကျန်ပိုးတွေ့လူနာများကို စင်တာ ၂ ခုသာ ဖွင့်လှစ်ထားပြီ ကုသပေးနေသည်။
ပိုတွေ့လူနာများ သက်သာလာသော်လည်း မိုင်ဂျာယန်မြို့နှင့် ရပ်ကွက်များကို lockdown ချထားဆဲဖြစ်သည်။
ကေအိုင်အိုထိန်းချုပ်နယ်မြေ လိုင်ဇာမြို့တွင်လည်း ဇူလိုင်လ ၂၇ ရက်မှ စတင်ကာ ကိုဗစ်၁၉ အတည်ပြုလူနာ စုစုပေါင်း ၅၄ ဦးရှိပြီး ဩဂုတ်လ ၃ ရက်နေ့တွင် ပထမဆုံးအကြိမ်အဖြစ် လူနာတစ်ဦး သေဆုံးခဲ့သည်။

မိုင်ဂျာယန်မြို့နှင့် လိုင်ဇာမြို့များတွင် ကိုဗစ်၁၉ အတည်ပြုလူနာများကို တွေ့ရှိပြီးနောက်ပိုင်း မြို့အဝင်အထွက်များကို ယနေ့အချိန်အထိ ပိတ်ထားဆဲဖြစ်ပြီး နေရာအချို့ကို အသွားအလာ ကန့်သတ်ထားသည်။

သင့်ထင်မြင်ချက်ရေးပေးပါ