ဟိုပင်တွင် ရဲတပ်ကြပ်တစ်ဦး ကိုဗစ်၁၉ ရောဂါဖြင့် သေဆုံး

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်ရဲစခန်းမှ ရဲတပ်ကြပ် တစ်ဦး ကိုဗစ်သံသယဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

ဟိုပင်တွင် ရဲတပ်ကြပ်တစ်ဦး ကိုဗစ်၁၉ ရောဂါဖြင့် သေဆုံး

 

‌သေဆုံးသွားသည့် ရဲတပ်ကြပ်ကို ဟိုပင်ရဲစခန်းမှ PPE ဝတ်စုံဝင်ဆင်ထားသူများက သယ်ဆောင်သွားကြောင်း ဒေသခံတစ်ဦးက The 74 mediaကိုပြောသည်။
“သူတို့စခန်းထဲမှာပဲ ဆုံးတာပေါ့၊ သူတို့ကတော့ ဖျားလို့ဆုံးတယ်ပဲပြောတာ ကိုဗစ်နဲ့လို့တော့ မပြောဘူးပေါ့ ဒီမနက်သေတာ အဲ့တာ သူတို့က နေ့ခြင်းသင်္ဂြိုလ်လိုက်တာ PPE ဝတ်စုံနဲ့ပဲ လာခေါ်သွားတာ” ဟု သူကပြောသည်။
ကိုဗစ်သံသယဖြင့် သေဆုံးသူသည် ဟိုပင်နယ်မြေရဲစခန်းမှ အသက် ၄၃နှစ် ရဲတပ်ကြပ် ဦးမောင်ဇော်ဖြစ်သည်။

မိုးညှင်းမြို့နယ်တွင် စစ်ကောင်စီ၏ အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဩဂုတ်လ(၇)ရက်နေ့အထိ ပိုးတွေ့လူနာ စုစုပေါင်း ၆၈၂ ဦးရှိပြီဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ