နန်းမားတွင် လူမှုအထောက်အကူပြုအဖွဲ့ခေါင်းဆောင်တစ်ဦး

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်းမားမြို့ရှိ မေတ္တာလေညင်း – လူငယ် လူမှုအထောက်အကူပြုအဖွဲ့၏ ဥက္ကဋ္ဌ ဖြစ်သူကို အရပ်ဝတ်နှင့်လူတစ်စုက ယနေ့ ဩဂုတ်လ ၄ ရက်နေ့၊ နံနက် ၁ နာရီခန့်တွင် ဖမ်းဆီးသွားကြောင်း သိရသည်။

နန်းမားတွင် လူမှုအထောက်အကူပြုအဖွဲ့ခေါင်းဆောင်တစ်ဦး

 

CDM ကိစ္စ အကူအညီတောင်းရန်ဟု ဆိုကာ အရပ်ဝတ်ဖြင့် လူတစ်စုက လာရောက်ဖမ်းဆီးသွားကြောင်း နီးစပ်သူများက The 74 Media ကိုပြောသည်။
“မနက်အစောကြီး CDM အကူအညီလိုလို့တဲ့ ဆိုပြီး လူ လေး၊ ငါးယောက်က ခေါ်သွားတာတဲ့၊ မိန်းမတစ်ယောက်နဲ့ ယောက်ျား တစ်ယောက်က အရင်လာပြောတာ၊ မိန်းမကြီးက ဆရာမပါဆိုပြီး ခေါ်သွားတာတဲ့၊ စစ်တပ်ပဲ ဖမ်းမှာပေါ့၊ သူက အကူအညီ လိုရင်လိုက်လုပ်ပေးတော့ အကူအညီလာတောင်းရင်း ခေါ်သွားတာ၊ ခေါ်သွားတုန်းက မသိရဘူး” ဟု သူကပြောသည်။
လက်ရှိအချိန်ထိ ဒေါ်ခင်မာလင်းနှင့် အဆက်အသွယ် မရရှိသေးဘဲ မည်သည့်နေရာတွင် ဖမ်းဆီးထားရသည်ကို မသိရှိရသေးကြောင်း သူကဆက်ပြောသည်။
နန်းမားမြို့တွင် ယမန်နေ့ည ၁၂ နာရီခန့်က ဒေါ်ခင်မာလင်းအပြင် ဒေါ်မိုးသူဇာ ဆိုသူ၏ အိမ်ကိုလည်း လက်နက်ကိုင်များ ဝိုင်းထားပြီး ဝင်ရောက်ရှာဖွေမှုများပြုလုပ်ခဲ့ကာ ဖမ်းဆီးသွားကြောင်းသိရသည်။

နန်းမားမြို့ရှိ မြို့မရန်အောင် ရပ်ကွက်တွင် မေလ ၁၉ ရက်နေ့ကလည်း ဦးသန်းစိုးနှင့် ဒေါ်ချောစု ဇနီးမောင်နှံကို ဆန္ဒပြမှုတွင်ပါဝင်သည်ဟု စွပ်စွဲပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးသွားပြီး ညပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ