ကချင်ပြည်နယ်အဝင် နန့်စီးအောင်စစ်‌ဆေးရေးဂိတ်အနီးတွင် ဗုံးသုံးလုံးဆင့်ပေါက်ကွဲသောကြောင့် ခရီးသည်ယာဉ်တစ်စီး ထိခိုက်ပျက်စီး

ကချင်ပြည်နယ် နန့်စီးအောင်စစ်ဆေးရေးဂိတ်အနီးတွင် ယနေ့ နံနက် ကိုးနာရီဝန်းကျင်က ဗုံးသုံးလုံးဆင့်ပေါက်ကွဲခဲ့သောကြောင့် ဂျိန်းဖော့ရွှေမြေခရီးသည်တင်ယာဉ်တစ်စီး ထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်။

ဗုံးပေါက်ကွဲမှုကြောင့် မော်တော်ယာဉ်ထိခိုက်ပျက်စီးခဲ့သော်လည်း လူထိခိုက်မှုမရှိကြောင်း အမည်မဖော်လိုသူ မျက်မြင်တွေ့ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

ကချင်ပြည်နယ်အဝင် နန့်စီးအောင်စစ်‌ဆေးရေးဂိတ်အနီးတွင် ဗုံးသုံးလုံးဆင့်ပေါက်ကွဲသောကြောင့် ခရီးသည်ယာဉ်တစ်စီး ထိခိုက်ပျက်စီး

“စစ်ဆေးရေးဂိတ်အကျော်မှာ မိုင်းသုံးလုံးဆက်တိုက်ကွဲပါတယ်။ ခရီးသည်မှန်လုံကားပါ။ ကားမှန်တွေကွဲကုန်တယ်။ ခရီးသည်တွေက ခြောက်ဦးပါတယ်။ လူသူထိခိုက်မှုတော့မရှိပါဘူး”ဟု ပြောသည်။
ဗုံးသုံးလုံးဆင့်ပေါက်ကွဲခဲ့သော်လည်း အနီးရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာမူ ထိခိုက်ပျက်စီးခြင်း၊ လူထိခိုက်ခြင်းမရှိကြောင်း သူကဆက်ပြောသည်။
ခရီးသည် ခြောက်ဦး တင်ဆောင်လာသည့် ဂျိန်းဖော့ရွှေမြေ မှန်လုံကားသည် စစ်ကိုင်းတိုင်းမှ ကချင်ပြည်နယ်သို့ တက်လာသည့် ကားတစ်စီးဖြစ်ပြီး မိုးညှင်းတွင် ကားပြန်လဲ၍ ခရီးဆက်သွားကြောင်း သိရသည်။

Photo -CJ

သင့်ထင်မြင်ချက်ရေးပေးပါ