လျှပ်စစ်နှင့်စွမ်းအင် ဒု-ဝန်ကြီး ဦးမော်ထွန်းအောင်

အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ၏ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးမော်ထွန်းအောင်သည် မူဝါဒပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးနှင့် သဘာဝသယံဇာတဆိုင်ရာထုတ်ယူသုံးစွဲမှုဆိုင်ရာ မူဝါဒပြုပြပြောင်းလဲမှုကဏ္ဍတွင် ၁၀ နှစ်ကျော် အတွေ့အကြုံရှိသူတစ်ဦးဖြစ်သည်။

လျှပ်စစ်နှင့်စွမ်းအင် ဒု-ဝန်ကြီး ဦးမော်ထွန်းအောင်

 

အသက် (၃၈) အရွယ် ဦးမော်ထွန်းအောင်သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ဇာတိဖြစ်ပြီး ဒသမတန်းကို ဘာသာစုံဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။

Hong Kong Polytechnic University မှ လူမှုမူဝါဒနှင့် လူမှုဖွံ့ဖြိုးရေး မဟာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် အမေရိကန်နိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်သည့် Cornell University မှ အများပြည်သူ စီမံခန့်ခွဲမှုဘာသာရပ်ကို ဩဇာတိက္ကမကြီးမားသည့် Fullbright ပညာသင်ဆုဖြင့် တက်ရောက်ကာ၂၀၁၆ ခုနှစ်တွင် မဟာဘွဲ့ကို ထပ်မံရရှိခဲ့သည်။
မြန်မာနိုင်ငံ၏ သဘာဝသယံဇာတထုတ်ယူသုံးစွဲမှုဆိုင်ရာ မူဝါဒပြုပြင်ပြောင်းလဲရန် အစဉ်တစိုက် အရေးဆိုပန်ကြားတိုက်တွန်းသည့် နိုင်ငံတကာအဖွဲ့အစည်း Natural Resource Governance Institute (NRGI) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေမန်နေဂျာအဖြစ် ၅ နှစ်တာ လုပ်ဆောင်ခဲ့သည်။
ထို့နောက် ၂၀၂၀ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် အမှတ် ၅ မဲဆန္ဒနယ်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးအဖြစ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ဦးမော်ထွန်းအောင်သည် ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူတစ်ဦးဖြစ်ပြီး မူဝါဒဆိုင်ရာပြုပြင်ပြောင်းလဲရေးကို အစဉ်တစိုက် ထောက်ပြအကြံပြုလျက်ရှိသည့် လူပျိုတစ်ဦးဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ