ကသာတွင် စစ်ကောင်စီတပ်များတင်ဆောင်လာသည့် သင်္ဘောများကို ကြည့်ရှုသောကြောင့်ဟုဆိုကာ သေနတ်ပစ်ဖောက်

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် မိုးတားကျေးရွာတွင် ယမန်နေ့ ဇူလိုင်လ ၂၅ ရက်နေ့ည ၁၂ နာရီခန့်က သင်္ဘောဆိပ်ကမ်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များက သေနတ်နှင့် လက်နက်ကြီးများ ၁၅ မိနစ်ခန့်ကြာ ပစ်ဖောက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်များကို ဧရာဝတီမြစ်ရိုးအတိုင်း တင်ဆောင်လာသည့် သင်္ဘောများကို ထွက်ကြည့်သည် ဟုဆိုကာ ဆဲရဲတိုင်းထွာပြီး လက်နက်ကြီးနှင့် လက်နက်ငယ်များ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“သူတို့ဆီက သင်္ဘောနှစ်စီး ပြန်ပြီးဆန်တက်လာတာ။ အဲဒါကိုကြည့်လို့တဲ့ပစ်တာတဲ့။ ဘယ်သူက ကြည့်လို့လဲတော့ မသိဘူး။ ရွာထဲမှာအဲ့အချိန်အိပ်နေကြပြီ။ ကြည့်လို့မရဘူး။ အသံတော့ကြားရတယ်။ ကေအိုင်အေကို ဆဲပြီး ပစ်နေတာ၊ အသေပစ်လို့လည်း ပြောနေတယ်။ သတ္တိရှိရင်ထွက်ခဲ့ဆိုပြီး ရန်စနေတာ” ဟုသူကပြောသည်။

ကသာမြို့နယ် မိုးတားကျေးရွာတွင် ဇူလိုင်လ ၂၄ ရက်နေ့ မွန်းလွှဲချိန်က စစ်ကောင်စီတပ်များ အင်အားဖြည့်နေပြီး ဘုန်းကြီးကျောင်း၊ သင်္ဘောဆိပ်နှင့် ရွာထဲ၌ တပ်စွဲမှုများ ပြုလုပ်ခဲ့ကြသည်။

သင့်ထင်မြင်ချက်ရေးပေးပါ