မင်းတပ်မြို့မှ ရဲကင်းစခန်းတစ်ခု ပြည်သူ့ကာကွယ်ရေးတပ်ထံ လက်နက်ချ

ချင်းပြည်နယ် မင်းတပ်မြို့အတွင်းရှိ စစ်ကောင်စီ၏ မကွီအိမ်နူးရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ လက်နက်ချခဲ့သည်ဟု သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက စစ်ကောင်စီ၏ မကွီအိမ်နူးရဲကင်းစခန်းမှ တိုက်ခိုက်သိမ်းပိုက်ရန် သွားရောက်ခဲ့သော်လည်း စခန်းရှိ ဗိုလ်ကြီးသန်းထိုက်နှင့်တပ်ဖွဲ့ဝင် ၂၀ ခန့်က လက်နက်ချခဲ့ခြင်း ဖြစ်ကာ PDF နှင့် ပူးပေါင်းလိုစိတ်မရှိသူများကို ပြန်လွတ်ပေးခဲ့သည်။

မကွီအိမ်နူးရဲစခန်းသည် စစ်သားနှင့် ရဲများအတူတကွ တာဝန်ထမ်းဆောင်သည့် စခန်းတစ်ခုဖြစ်ပြီး တာဝန်ကျစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒေသခံပြည်သူများနှင့် ဆက်ဆံရေးပြေလည်ကြသည်ဟု ဖြစ်စဉ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မင်းတပ်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား ဇူလိုင်လ တတိယအပတ်မှ စတင်ကာ အပစ်ရပ်စဲရေး ဆွေးနွေးမှု ပျက်ပြယ်ခဲ့ပြီးနောက် စစ်ရေးပြန်လည်တင်းမာခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ