ကေအိုင်အေ

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ် လွယ်ဒေါင်ကျေးရွာ နားကျီးနှင့် နမ့်ဆလပ် အနီးတွင် ယမန်နေ့ ဇူလိုင်လ ၂၄ ရက်နေ့က စစ်ကောင်စီတပ် တပ်မ (၉၉) နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ် တပ်မ (၉၉) တို့သည် ကေအိုင်အေ တပ်မဟာ ၁၀ တပ်ရင်း ၁၇ ထိန်းချုပ်‌နယ်မြေသို့ စစ်ရေးလှုပ်ရှားမှုများပြုလုပ်လာသောကြောင့် ၁ နာရီခွဲခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
လွယ်ဒေါင်ကျေးရွာအနီး နောင်ဆမ်ဘူးတွင်လည်း စစ်ကောင်စီတပ် တပ်မ (၉၉) နှင့် MNDAA တပ်ရင်း (၂၀၅) တို့ကြား တိုက်ပွဲဖြစ်ခဲ့ကြောင်းသိရသည်။
လွယ်ဒေါင်ကျေးရွာ ဘန်လွယ်ငင်းတွင်လည်း ဇူလိုင် ၂၄ ရက်နေ့ ညနေ ၅ နာရီခွဲခန့်၌ စစ်ကောင်စီတပ် ခမရ(၄၂၀) တပ်သည် MNDAA တို့ရှိရာဘက် စစ်ကြောင်းချီတက်လာသောကြောင့် ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်းသိရသည်။

Ref: The Kachin Net

Photo credit – Arturo Rodriguez

သင့်ထင်မြင်ချက်ရေးပေးပါ