ဝိုင်းမော်မြို့ မိုင်းနား KBC စစ်ရှောင်စခန်း

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာရှိ KBC စစ်ရှောင်စခန်းတွင်နေထိုင်သူ အမျိုးသမီးနှစ်ဦး ကိုဗစ်၁၉ ရောဂါကူးစက်ခံရကြောင်းသိရသည်။

မိုင်းနားကျေးရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန် (KBC) စစ်ရှောင်စခန်းမှ အသက်၅၈နှစ်နှင့် အသက် ၅၄ နှစ် အမျိုးသမီးနှစ်ဦးကူးစက်ခံရခြင်းဖြစ်ပြီး ဝိုင်းမော်ဆေးရုံတွင် ဆေးကုသမှုခံယူနေသည်ဟု စခန်းတာဝန်ခံတစ်ဦးက The 74 Media ကိုပြောသည်။

“တစ်ယောက်က မနေ့က စစ်ပြီး ည ၁၀ နာရီလောက်မှာ အဖြေထွက်ပြီး အတည်ပြုလိုက်ပြီ၊ ဆေးရုံမှာဆေးကုဖို့ရောက်နေပြီ၊ ဒီမှာက သံသယလူနာအနေနဲ့ ဟိုမှာကို အုပ်ချုပ်ရေးမှူးကို ဖုန်းဆက်​ြပီးမှ ဆေးရုံကိုသွားခိုင်းတယ် ဆေးရုံရောက်တော့ positive ဖြစ်နေတယ် ကျွန်တော်တို့ ဒီမှာလည်း တိုင်းတဲ့ဟာနဲ့ စစ်တယ် ပိုးတွေ့တယ်၊ ဒီနေ့တွေ့တဲ့တစ်ယောက်လည်း အနံ့ပျောက်တာ သုံးလေးရက်ရှိပြီ” ဟုသူကပြောသည်။

ထို့ပြင် ပိုးတွေ့လူနာမှာ အသွားအလာမရှိဘဲ ပိုးတွေ့ခဲ့ခြင်းဖြစ်ပြီး ယင်းနှင့် ထိစပ်သူ သားသမီးမိသားစုလည်း မရှိကြောင်း သူကဆက်လက်ပြောသည်။

“သားသမီးတွေတော့ ရှိတယ် camp မှာတော့ မဟုတ်ဘူး သူ့ရဲ့ အိမ်ထောင်ဖက်မရှိတော့ဘူး သူတစ်ယောက်ထဲ ရှိတာ” ဟုသူကပြောသည်။

မိုင်းနားကျေးရွာရှိ ကချင်နှစ်ခြင်းစစ်ရှောင်အား ဇူလိုင်လ၂၁ ရက်နေ့မှစ၍ မြစ်ကြီးနား ဝိုင်းမော်မြို့နယ်တို့တွင် ကိုဗစ်ရောဂါများလာခြင်းကြောင့် အဝင်အထွက်ပိတ်ပင်လိုက်ကြောင်းလည်းသူကပြောသည်။

မိုင်းနားကချင်နှစ်ခြင်း စစ်ရှောင်စခန်းတွင် လူဦးရေ၂၉၁၆ ဦး ရှိ၍ အိမ်ထောင်စုပေါင်း ၅၃၂ ရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ