မိုးကောင်းမြို့နယ်တွင် တစ်ရက်အတွင်း ကိုဗစ်ပိုးတွေ့ရှိသူ ၄၉ ဦး ထပ်တိုး၊ လူနာတစ်ဦး အောက်စီဂျင် ကျနေ

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်တွင် ကိုဗစ် ပိုးတွေ့လူနာစုစုပေါင်း ၄၉ ဦး ယနေ့ ထပ်တိုးလာခဲ့ကြောင်း သိရသည်။

ခရီးသွားရာဇဝင်မရှိဘဲ ဆက်စပ်ပိုးတွေ့လူနာများသာဖြစ်၍ အောက်စီဂျင်ထိုးကျနေသူများလည်းရှိသည်ဟု ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

မိုးကောင်းမြို့နယ်တွင် တစ်ရက်အတွင်း ကိုဗစ်ပိုးတွေ့ရှိသူ ၄၉ ဦး ထပ်တိုး၊ လူနာတစ်ဦး အောက်စီဂျင် ကျနေ

 

“ဒီနေ့တွေ့တာ မိုးကောင်း၊ နမ္မတီးနဲ့မင်းကုန်းမှာ စုစုပေါင်း ၄၉ ဦးပေါ့။ သက်ကြီးပိုင်းတွေ ၇၂ နှစ်တွေပါတယ်။ သေဆုံးသူတော့ ဒီနေ့မရှိဘူး။ ခရီးသွားရာဇဝင်တော့ မရှိဘူး။ အားလုံး contact တွေပဲ။ အခုတောင် စစ်တပ် (၃၈၂) က ကိုဗစ်ကြောင့် အောက်စီဂျင်ထိုးကျလို့ ဆေးရုံကိုတစ်ယောက် ပို့လိုက်ရပါသေးတယ်။ တချို့အနံ့ပျောက်လို့တောင် မနက်ဖြန်စစ်ဖို့စာရင်းပေးတာတွေလည်း ရှိပါတယ်”ဟု ပြောသည်။
အဆိုပါ ပိုးတွေ့ရှိသူများအား ပြည့်သူ့ဆေးရုံ၊ အား/ကာအဆောင်နှင့် အမှတ် ၃၈၂ စစ်တပ်ထဲတွင် ကုသပေးနေကြောင်း သူကဆက်ပြောသည်။
မိုးကောင်းမြို့တွင် ယနေ့ ၃၇ ဦးကိုစစ်ဆေးရာ ပိုးတွေ့ ၂၄ ဦး၊ နမ္မတီးမြို့တွင် ၄၅ ဦး စစ်ဆေးရာ ပိုးတွေ့ ၂၀ ဦးနှင့် နမ္မနကျေးရွာတွင် ၂၃ ဦး စစ်ဆေးရာ ငါးဦးတွေ့ရှိခဲ့သောကြောင့် မိုးကောင်းမြို့နယ်၌ တစ်ရက်အတွင်း ၄၉ ဦး ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ည်။

မိုးကောင်းမြို့နယ်တွင် ကိုဗစ်၁၉ တတိယလှိုင်းစတင်ဖြစ်ပွားချိန်မှစ၍ ပိုးတွေ့လူနာစုစုပေါင်း ၃၇၀ ကျော်၊ သေဆုံးသူ ၁၃ ဦးနှင့် ပျောက်ကင်းသွားသောကြောင့် ဆေးရုံဆင်းသူ ၇၃ ဦးရှိကြောင်းသိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ