အသက် ၅၁ နှစ်အရွယ်အမျိုးသမီးကို စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးက သတ်ဖြတ်ခဲ့ကြောင်း

အသက် ၅၁ နှစ်အရွယ်အမျိုးသမီးကို စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးက သတ်ဖြတ်ခဲ့ကြောင်း

မိုးမောက်မြို့နယ် နွမ်လန်းကျေးရွာတွင် ဇူလိုင်လ (၁၄) ရက်က သတ်ဖြတ်ခံရသည့် အမျိုးသမီးကို စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးက သတ်ဖြတ်ခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ကြောင်း မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

ဇူလိုင်လ ၁၇ ရက်တွင်ထွက်ရှိသည့် စစ်ကောင်စီ၏ဝါဒဖြန့် မြန်မာ့အလင်းသတင်းစာ၏ စာမျက်နှာ ၁၁ တွင် ဖော်ပြထားခြင်းဖြစ်ပြီး သတ်ဖြတ်ခံရသည့် အမျိုးသမီးနှင့် စကားများရန်ဖြစ်ရာမှ ဒေါသထွက်ကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

သို့သော် မြန်မာ့အလင်းသတင်းစာပါ ဖော်ပြချက်နှင့် ဒေသခံများ၏ ပြောဆိုချက်များကွဲလွဲချက်များ ရှိနေသည်။

သတ်ဖြတ်ခံရသည့် အမျိုးသမီးသည် အဓမ္မပြုကျင့်သတ်ဖြတ်ခံရကြောင်း ဒေသခံများက ပြောဆိုခဲ့သော်လည်း သတင်းစာတွင် အခြားပြစ်မှုများကျူးလွန်မှုရှိ၊ မရှိစစ်ဆေးမည်ဟုသာ ဖော်ပြထားသည်။

ပြစ်မှုကျူးလွန်သည်ဟု တပ်သားသုံးဦးသည် တပ်ပြေးများဖြစ်ကြသည်ဟု ဒေသခံများက ပြောဆိုခဲ့သော်လည်း ထိုအချက်ကို ဖော်ပြထားခြင်းမရှိပါ။

သတ်ဖြတ်ခံရသည့်အမျိုးသမီးသည် တောင်ယာသို့သွားစဉ် လမ်းတွင်အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ပြီး သူမ၏အလောင်းကို တွေ့ရှိချိန်တွင် ဝတ်လစ်စလစ် အနေအထားဖြင့် သူမ၏အင်္ကျီကို ပါးစပ်တွင် စို့ထားပေးသည်ဟု ဒေသခံများက ပြောသည်။

သတ်ဖြတ်ခံရသည့် သတင်းကို ဇူလိုင်လ ၁၅ ရက်တွင် သတင်းဖော်ပြပြီးဖြစ်ပါသည်။ အောက်ပါလင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။

သင့်ထင်မြင်ချက်ရေးပေးပါ