မြစ်ကြီးနားမြို့ မျက်မမြင်ကျောင်းကို အသွားအလာကန့်သတ်ထားသဖြင့် အစားအသောက်နှင့် ဆေးဝါး အခက်အခဲဖြစ်နေ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက်ရှိ ကန့်သတ်နယ်မြေသတ်မှတ်ထားသော မျက်မမြင်ကျောင်းတွင် ကိုဗစ်၁၉ ပိုးစက်ခံရသူ ၁၀ ဦး ထပ်တိုးကြောင်းသိရသည်။

မျက်မမြင်ကျောင်းဝင်းအတွင်းနေထိုင်သူ စုစုပေါင်း ၁၁၄ ဦး ကိုစစ်ဆေးရာမှ ၁၀ ဦးတွင်ပိုးထပ်တွေ့ခြင်းဖြစ်သည်ဟု ကျောင်းမှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။
“တစ်ကျောင်းလုံးက ကျောင်းသူကျောင်းသား ဝန်ထမ်း အနှိပ် လုပ်သား မှီခိုသူ မိသားစု အားလုံး ၁၁ ယောက်ကို လာစစ်ပေးတယ် ကျောင်းသား ၆ ယောက် ဝန်ထမ်း ၁ ယောက်နဲ့ ကျောင်းဝင်းထဲ‌နေ မိသားစုဝင် ၃ ဦးပိုးတွေ့တယ်” ဟုသူကပြောသည်။
ပိုးတွေ့အတည်ပြုလူနာများကို ကျောင်းဝင်းအတွင်းရှိ အဆောင်တစ်ခုတွင် သီးခြားထားရှိပြီး အိမ်တွင်းကုသမှု နှင့် စောင့်ရှောက်မှု ပြုလုပ်လျက်ရှိ‌ကြောင်း သူကဆက်‌ပြောသည်။
မြစ်ကြီးနား မျက်မမြင်ကျောင်းတွင် ကိုဗစ်၁၉ ပိုးတွေ့လူနာ စုစုပေါင်း ၁၂ ဦးရှိပြီဖြစ်သည်။

ကချင်ပြည်နယ် မြစ်ကြီးနား မြို့တွင် ကိုဗစ်ပိုးတွေ့နှုန်း မြင့်တက်လျက်ရှိပြီး ဇူလိုင်လ ၁၅ ရက်နေ့ထိ ပိုးတွေ့သူပေါင်း ၁၉၂၄ ဦးရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ