ဖားကန့်မြို့ တံတားညီနောင်အနီး တိုက်ပွဲပြင်းထန်စွာဖြစ်ပွား၊ စစ်ကောင်စီတပ်ဖွဲ့ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ပြည်သူ ခြောက်ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကွန်ဆိုင် (Kumtsai) ကျေးရွာနှင့် တံတားညီနောင်အနီး ယနေ့ ဇူလိုင်လ ၁၅ ရက်နေ့ ၊ နံနက် ၇ နာရီခွဲခန့်မှစတင်ကာ လက်ရှိ ၉ နာရီခွဲခန့်အချိန်ထိ ကေအိုင်အေနှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲပြင်းထန်စွာ ဆက်လက် ဖြစ်ပွားနေကြောင်းသိရသည်။

ဖားကန့်မြို့ တံတားညီနောင်အနီး တိုက်ပွဲပြင်းထန်စွာဖြစ်ပွား၊ စစ်ကောင်စီတပ်ဖွဲ့ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ပြည်သူ ခြောက်ဦး ဒဏ်ရာရ

တိုက်ပွဲအတွင်း နန့်ယားကျေးရွာအခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်သည့်လက်နက်ကြီးကျည် ဆိုင်းဖရာကျေးရွာထဲသို့ ကျရောက်ပေါက်ကွဲသောကြောင့် ပြည်သူ ခြောက်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ဒေသခံတစ်ဦး က The 74 Media ကို ပြောသည်။
“ဒီမနက် ကွန်ဆိုင်(Kumtsai) မှာ ပစ်ကြတာ၊ နန့်ယားဘက်ကနေ ပစ်တာ၊ မနေ့ကနေ ဒီနေ့ မနက်အထိ ခဏခဏ ပစ်နေကြတာ၊ ကွန်ဆိုင်နဲ့ တံတားညီနောင်မှာ စစ်ဖြစ်လို့ နန့်ယားကနေ လက်နက်ကြီးပစ်လိုက်တာ အဲ့တာ ဆိုင်းဖရာ ဘက်မှာ လက်နက် ကြီး ၃ ခုကျတာ၊ ရွာထဲ လက်နက်ကြီး ၃ ခုကျတယ်၊မနက် အစောကြီး တစ်ခါ၊ ရွာသားတွေ စစ်ရှောင်တာမျိုးရှိတယ်” ဟု သူကပြောသည်။
တိုက်ပွဲကြောင့် ခိုင်ရွန် (Hkairun) ကျေးရွာ ဂေါ်လုယန် (Gawlu yang) ကျေးရွာ နှင့် ကွန်ဆိုင် (Kumtsai) ကျေးရွာများ စစ်ရှောင်နေရသည်ဟု သူ က ပြောသည်။
ယနေ့ နံနက်တိုက်ပွဲနှင့် ပတ်သက်ပြီး နှစ်ဖက် အထိအခိုက် များကို The 74 Media မှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဂေါ်လုယန်ကျေးရွာ၊ ဖုန်းတာဝါတိုင်အနီးတွင် ဇူလိုင်လ (၁၄) ရက်နေ့ ညနေ (၃) နာရီခွဲအချိန်တွင် KIA တပ်ဖွဲ့ဝင်များက စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း များရှိခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ