ဖားကန့် လုံးခင်းတွင် ကိုဗစ်၁၉ အတည်ပြုလူနာနှစ်ဦးနှင့် သံသယလူနှာ နှစ်ဦးသေဆုံး

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုတွင် ဇူလိုင်လ ၁၂ ရက်နေ့က ကိုဗစ်၁၉ အတည်ပြုလူနာ နှစ်ဦးသေဆုံးကြောင်း သိရသည်။

ဖားကန့် လုံးခင်းတွင် ကိုဗစ်၁၉ အတည်ပြုလူနာနှစ်ဦးနှင့် သံသယလူနှာ နှစ်ဦးသေဆုံး

ဆရာဝန်၏ ဆေးစစ်ချက်အရ သေဆုံသူနှစ်ဦးမှာ ကိုဗစ်၁၉ ပိုးတွေ့အတည်ပြုလူနာဖြစ်သည်ဟု သေဆုံးသူများကို လိုက်လံကူညီပေးနေသည့် လူမှုကူညီရေးအသင်းက The 74 Media ကိုပြောသည်။
“အဲ့ဒီမှာ Positive လူနာသေတာတော့ ဆရာဝန်ဆေးစစ်ချက်အရ နှစ်ဦး ပါတယ်၊ စစ်ပေးတာက သီတဂူက တစ်ဦး၊ နောက်တစ်ဦးကတော့ နာရေးပိုင်ရှင်ရဲ့ မိသားစုက ပြောပါတယ်၊ ကျန်တဲ့နှစ်ဦးကတော့ ကိုဗစ် လက္ခဏာနဲ့တူတယ် အသက်ရှူကြပ်ပြီး ဆုံးတော့ သံသယလူနာလို့ပဲပြောချင်ပါတယ်။” ဟုသူကပြောသည်။
လုံးခင်းကျေးရွာအုပ်စုတွင် ဆေးဆိုင်တွင်ဝယ်ယူနိုင်သည့် ကိုဗစ်၁၉ စစ်ဆေးကိရိယာဖြင့် စစ်ဆေးကြသည့် ပိုးတွေ့လူနာ အများအပြားရှိကာ ဆရာဝန်က အာမခံချက်မပေး၍ စာရင်းအတိအကျပြောရန် ခက်ခဲကြောင်းသူကဆက်ပြောသည်။

စစ်ကောင်စီ၏ ကျန်းမာရေးဌာနမှ ထုတ်ပြန်ချက်များအရ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်တွင် ဇွန်လ ၂၀ ရက်နေ့မှ ဇူလိုင်လ ၁၂ ရက်နေ့ထိ ပိုးတွေ့သူ စုစုပေါင်း ၂၆၇ ဦးရှိပြီး သေဆုံးသူ ၇ ဦးရှိပြီဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ