KIA အဖွဲ့

ဖားကန့်မြို့နယ်၊ နမ့်မော်အုပ်စု ဆိုင်းအောင်ကျေးရွာအနီး ယနေ့ နံနက် ၆ နာရီ ၄၅ မိနစ်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကချင်လွတ်မြောက်ရေးတပ် (KIA) က မိုင်းခွဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အသေအဆုံးရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခြေလျင် စစ်ကြောင်းချီတက်လာချိန် မိုင်းခွဲတိုက်ခိုက်ခံရပြီး သေဆုံးမှုများရှိသည်ဟု ဒေသခံတစ်ဦးက The 74 Mediaကိုပြောသည်။
“ဆိုင်းအောင်ရွာနားမှာ စစ်ကြောင်းတက်လာတဲ့စစ်ခွေးတွေကို ကေအိုင်အေကနေ မိုင်းခွဲတိုက်ခိုက်လိုက်တယ်တဲ့၊ သူတို့ဘက်က အထိအခိုက်အကျအဆုံးတော့နည်းနည်းများမယ့်ပုံပဲတဲ့၊ လူနာတင်ကား ၂စီး၊ ဖောဝီးလ် တစ်စီးနဲ့ လာသယ်သွားတယ်၊ ကျန်တဲ့သူတွေက ဆိုင်းအောင်ကို ဝင်သွားကြတယ်တဲ့ အဲ့စစ်ခွေးတွေက” ဟုသူကပြောသည်။

မိုင်းခွဲတိုက်ခိုက်ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်ကို The 74 Mediaမှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ