ရမ်ပူရပ်ကွက်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်တွင် ယမန်နေ့ ဇူလိုင်လ ၅ ရက်နေ့တွင် ကွယ်လွန်သွားသည့် အမျိုးသမီးနှစ်ဦးကို စစ်ဆေးရာ ကိုဗစ်၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး မိသားစု သုံးဦးလည်း ကိုဗစ်၁၉ ရောဂါကူးစက်ခံထားရသည်ဟု သိရသည်။

သေဆုံးသွားသည့် အမျိုးသမီးနှစ်ဦးနေထိုင်သည့် နေအိမ်ကို လွန်ခဲ့သည့်အပတ် သောကြာနေ့မှစတင်ကာ အသွားအလာကန့်သတ်ထားပြီး မိသားစုဝင် ရှစ်ဦးကို စမ်းသပ်စစ်ဆေးရာ သုံးဦးတွင် ကိုဗစ်၁၉ ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့နှင့်နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။
“နေအိမ်ကို သောကြာနေ့က lockdown ချလိုက်တာ၊ မနေ့က သေတော့ အိမ်သားတွေအားလုံးကိုလည်း ဆေးရုံကိုခေါ်သွားပြီ စစ်တာ၊ အခုသေတဲ့သူတွေနဲ့ ထိစပ်သူရှစ်ဦးရှိတယ် သုံးဦးပိုးတွေ့တယ်” ဟုသူကပြောသည်။
ရောဂါပိုးကူးစက်ခံရသူ သုံးဦးသည် လက်ရှိအချိန်တွင် မြစ်ကြီးနားဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသည်ဟု သူကဆက်ပြောသည်။

စစ်ကောင်စီ၏ ကျန်းမာရေးဌာန ထုတ်ပြန်ချက်တွင် ကချင်ပြည်နယ်တွင် ဇွန်လ ၂၀ ရက်နေ့မှ ဇူလိုင်လ ၅ ရက်နေ့ထိ ပိုးတွေ့ရှိသူ စုစုပေါင်း ၁၈၉ ဦးရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ