မိုးမောက်မြို့ရှိ မန္တလေးပရိယတ္တိစာသင်တိုက်တွင် ကိုဗစ်ပိုးတွေ့သူ ၃၀ ခန့်ရှိ

ကချင်ပြည်နယ်၊ မိုးမောက်မြို့ အလင်းကောင်ရပ်ကွက်ရှိ မန္တလေးပရိယတ္တိစာသင်တိုက်၏ ကျောင်းထိုင်ဆရာတော်ပျံလွန်တော်မူပြီး ကိုဗစ်၁၉ စစ်ဆေးကြည့်ရာ ပိုးတွေ့ရှိခဲ့ပြီး ကျောင်းတိုက်အတွင်း ကိုဗစ်ပိုးတွေ့ရှိသူ ၃၀ ဦးခန့်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

မိုးမောက်မြို့ရှိ မန္တလေးပရိယတ္တိစာသင်တိုက်တွင် ကိုဗစ်ပိုးတွေ့သူ ၃၀ ခန့်ရှိ

 

ကျောင်းထိုင်ဆရာတော် အရှင် ဘဒ္ဒန္တ တိက္ခာစာရ ပဓာနနာယက သည် ယနေ့ နံနက် ၂ နာရီခန့်က ကိုဗစ် ၁၉ ရောဂါ လက္ခဏာဖြင့် ပျံလွန်တော်မူပြီးနောက် ကျန်မာရေးဌာနက လာရောက်စစ်ဆေးရာ သံဃာတော်များနှင့် ပြည်သူအများအပြားတွင် ကိုဗစ် ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ဘုန်းဘုန်း ပျံလွန်တော်မူပြီးနောက်စစ်တော့ ပိုးတွေ့တာ၊ အခုဘုန်းကြီးကျောင်းကို Lockdown ချထားလိုက်ပြီ။ ကျန်းမာရေးဌာနက ကျောင်းမှာ လာစစ်တာ အခုစစ်တဲ့ အဖြေက Positive ၃၀ ရှိပြီ။ ဆက်စစ်နေကြတုန်းပဲ” ဟု သူကပြောသည်။
မန္တလေးပရိယတ္တိစာသင်တိုက်မှ သက်တော် ၄၉ နှစ်၊ ဝါတော် ၂၀ ကျော်ရှိပြီဖြစ်သည့် ကျောင်းထိုင်ဆရာတော် သည် အမောဖောက်ကာ ယနေ့နံနက် ၂ နာရီခန့်က ပျံလွန်တော်မူသွားကြောင်း သူကဆက်ပြောသည်။
ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်တွင် ဇူလိုင်လ ၁ရက်နေ့မှ ၄ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့ရှိသူ ၂ ဦးရှိကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုးမောက်မြို့သည် မေလအတွင်း ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ရှောင်ပြည်သူအများအပြားရှိသည့် မြို့နယ်တစ်ခုဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ