ဖားကန့်မြို့နယ် ဖားပြင်ကျေးရွာအနီးရှိ ကျောက်စိမ်းလုပ်ကွက်ဟောင်းတွင် မြေစာပုံပြိုကျသဖြင့် တစ်ဦးသေ တစ်ဦးဒဏ်ရာရ

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဖားပြင်ကျေးရွာအနီးရှိ YTT ကုန်းတွင် ယနေ့ ဇူလိုင် ၂ ရက် နေ့လယ် ၂ နာရီခန့်က ကမ်းပါးပြိုကျသဖြင့် ရေမဆေးရှာဖွေသူ တစ်ဦး သေဆုံးသွားကြောင်းသိရသည်။

ဖားကန့်မြို့နယ် ဖားပြင်ကျေးရွာအနီးရှိ ကျောက်စိမ်းလုပ်ကွက်ဟောင်းတွင် မြေစာပုံပြိုကျသဖြင့် တစ်ဦးသေ တစ်ဦးဒဏ်ရာရ

 

မြစ်ဆုံလုပ်ကွက် (ယခင် ရတနာတောင်တန်း ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီလုပ်ကွက်ဟောင်း) နေရာတွင် ကမ်းပါးပြိုကျပြီး တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု ဒဏ်ရာရရှိခဲ့သူကို ဆေးရုံလိုက်လံပို့ဆောင်သူ တစ်ဦးက The 74 Media ကို ပြောသည်။
“မြစ်ဆုံလုပ်ကွက်ဘက်က ဟုတ်တယ်၊ ဦးအောင်ဒီး က ဒဏ်ရာအပြင်းအထန် ရလို့ မြစ်ကြီးနား ဆေးရုံကို ပို့လိုက်ပြီ၊ ကျင်းသားတစ်ယောက်ဆုံးသွားတယ်” ဟု သူကပြောသည်။
ကမ်းပါးပြိုကျရာတွင် သေဆုံးသူမှာ ကိုစိုင်းအောင်ထွန်း အသက် ၂၄ နှစ် ဖြစ်ပြီး ကိုအောင်ဒီး အသက် ၁၈ နှစ်မှာ ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
YTT ကုန်းသည် NLD အစိုးရ လက်ထက် ၂၀၁၆ ခုနှစ် အစောပိုင်းတွင် တန်ချိန် (၂၀၀) ရှိသည့် ကမ္ဘာ့အကြီးဆုံး ကျောက်စိမ်းတုံးကြီး ထွက်ရှိခဲ့သည့် နေရာဖြစ်ပြီး ပေ ၂၀၀ ပတ်လည် တစ်ဧကလုပ်ကွက် တစ်ကွက်ကို အစိုးရတွင် တရားဝင်ဈေးပြိုင်စနစ်ဖြင့် လုပ်ကွက်ဆွဲလျင် သိန်းပေါင်း ၂ သောင်း မှ ၅သောင်း ခန့်ထိ ပေါက်ဈေးရှိသည့် နေရာများဖြစ်သည်။

ဖားကန့်မြို့နယ်အတွင်းရှိ ကျောက်စိမ်းလုပ်ကွက်များတွင် မိုးတွင်းကာလများအတွင်း မြေစာပုံပြိုကျမှုကြောင့် နှစ်စဉ် အသေအပျောက်များရှိပြီး ၂၀၂၀ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့တွင် လုပ်ကွက်ဟောင်းအတွင်း မြေစာပုံပြိုကျမှုတွင် လူနှစ်ရာခန့် သေဆုံးခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ