ပူတာအိုတွင် စစ်​ကောင်စီက တစ်အိမ်သားလုံးကို ဖမ်းဆီး

ကချင်ပြည်နယ်၊ ပူတာအိုမြို့၊ မြို့မရပ်ကွက် (၂) မှ လူငယ်တစ်ဦးအပါအဝင် ၎င်း၏အိမ်သား စုစုပေါင်း ၆ ဦးကို ယနေ့ ညနေ ၄ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံများထံမှ သိရသည်။

စစ်သင်တန်းပြန်လူငယ်ဟုဆိုကာ ၎င်းလူငယ်အပါအဝင် မိသားစုဝင်များအား ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်​ကြောင်း အမည်မ​ဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။
“PDF ဆိုတာကို သတင်းပေးပြီးဖမ်းခံလိုက်ရတာတဲ့၊ အခုပါသွားတာက သူ့ညီမ ကလေးအမေ ကလေးကနှစ်ယောက်၊ သူ့မိဘတွေရော ” ဟု ပြောသည်။
PDF ဟု စွပ်စွဲခံရသည့် ကိုဒိန်ခန်ဒီးတန် ဆိုသူအပါအဝင် စုစု​ပေါင်း ​ခြောက်ဦးဖြစ်ပြီး အုပ်ချုပ်ရေးမှူး၊ ရဲနဲ့ စစ်သားအင်အား ၂၀ ဦးခန့်က လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။
ယခုအချိန်တွင် ၎င်းတို့အား ပူတာအို စစ်​ကောင်စီတပ်ရင်း ၄၆ သို့ခေါ်ဆောင်သွားပြီဖြစ်ကြောင်း သိရသည်။

ယခုလို ဖမ်းဆီးခံရခြင်းသည် စစ်​ကောင်စီ သတင်း​ပေး (ဒလန်)များ​ကြောင့်ဟု ပူတာအို​ဒေသခံများက ​ပြောဆို​နေကြသည်။

သင့်ထင်မြင်ချက်ရေးပေးပါ