Non-CDM သူနာပြု ၁၀၀ ကျော်တာဝန်ထမ်းဆောင်နေ

ကိုဗစ်၁၉ သံသယလူနာများကို စစ်ဆေးမှုမရှိဘဲ ပြန်လွှတ်နေသည့် မြစ်ကြီးနားဆေးရုံတွင် Non-CDM သူနာပြု ၁၀၀ ကျော်ဖြင့် လည်ပတ်နေသည်ဟု သိရသည်။

The 74 Media က ရရှိထားသည့် အချက်အလက်အရ ကုတင် ၅၀၀ ဆန့် မြစ်ကြီးနားပြည်သူ့ဆေးရုံတွင် ယခုလ ဇွန်လအတွင်း တာဝန်ထမ်းဆောင်နေသည့် Non-CDM သူနာပြု စုစုပေါင်း (၁၀၁) ဦးခန့် ရှိ (ပုံတွင် ကြည့်ပါ) ပြီး ဆရာဝန်ဘယ်နှစ်ဦးရှိသည်ကို အတိအကျမသိရပါ။
Non-CDM ကျန်းမာရေးဝန်ထမ်းအများအပြား ပြန်လည်တာဝန်ထမ်းဆောင်နေသော်လည်း မြစ်ကြီးနားဆေးရုံသို့ လာရောက်သည့် ကိုဗစ် ၁၉ သံသယလူနာများကို စစ်ဆေးခြင်း သို့မဟုတ် ကုသခြင်းမရှိဘဲ အိမ်သို့ပြန်လွှတ်နေခြင်းဖြစ်သည်။
စစ်ကောင်စီ၏ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ လက်ရှိအချိန်တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ပိုးတွေ့လူနာ ၂၁ ဦး၊ ဝိုင်းမော်မြို့တွင် ၇ ဦး၊ ဖားကန့် ၃ ဦးနှင့် မိုးကောင်း ၁ ဦး တို့ဖြစ်သည်။
မြစ်ကြီးနားဆေးရုံမှ ဆေးရုံအုပ်ကြီးက မတ်လအတွင်း CDM တွင်ပါဝင်သည့် ကျန်းမာရေးဝန်ထမ်းများကို ၎င်းတို့၏ဝန်ထမ်းအိမ်ယာမှ ပြောင်းရွှေ့ပေးရန် ဖိအားပေးမှုများရှိခဲ့သလို ဆေးရုံပြန်လည် လည်ပတ်နေကြောင်း မတ်လ ၁၆ ရက်နေ့တွင် ဆိုင်းဘုတ်ထောင်ခဲ့သည်။

(မြစ်ကြီးနားဆေးရုံတွင် ကိုဗစ်၁၉ သံသယလူနာများကို စစ်ဆေးမှုမရှိဘဲ အိမ်ပြန်လွတ်သည့်သတင်းကို တင်ပြပြီးဖြစ်ပါသည် – https://www.facebook.com/The74Media/posts/356898539163007)

သင့်ထင်မြင်ချက်ရေးပေးပါ