ဝိုင်းမော်မြို့နယ် ကျေးလက်ဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးတွင် ကိုဗစ်၁၉ ရောဂါပိုးတွေ့

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အမှတ် ၁ ရပ်ကွက်မှ ကျေးလက်ဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးတွင် ဇွန်လ ၂၈ ရက်နေ့က ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်းသိရသည်။

ဝိုင်းမော်မြို့နယ် ကျေးလက်ဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးတွင် ကိုဗစ်၁၉ ရောဂါပိုးတွေ့

 

ဝိုင်းမော်မြို့နယ် အမှတ်၁ ရပ်ကွက်မှ အသက် ၅၄ နှစ် အရွယ် အမျိုးသမီးသည် ကျေးလက် ဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးဖြစ်ကြောင်း ရပ်မိရပ်ဖ တစ်ဦးက The 74 Media ကိုပြောသည်။
“အခုပိုးတွေ့တာက ရပ်ကွက်၁ က ဟုတ်တယ် ကျေးလက်ဦးစီးမှာလုပ်နေတာ လို့သိရတယ်။ သူက အာယုဆေးခန်းလဲသွားထားတော့ ခုဆေးခန်းလည်း ပိတ်ထားပြီ” ဟုသူကပြောသည်။
ပိုးတွေ့လူနာ ဆေးကုသခံယူခဲ့‌သော ဆေးခန်းသည် နှစ်ပတ် ယာယီပိတ်ထားကြောင်း သူကဆက်ပြောသည်။

ဝိုင်းမော်မြို့နယ်တွင် လက်ရှိ ပိုးတွေ့လူနာ ၇ ဦးရှိပြီး လူနာများမှာ ဝိုင်းမော်ဆေးရုံ ကိုဗစ်လူနာဆောင်တွင် ဆေးကုသမှုခံယူလျက်ရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ