ထီးချိုင့်တွင် PDF

ကသာမြို့နယ် မိုးတားအုပ်စု ရွှေကျောင်းကုန်းကျေးရွာအနီးတွင် ဇွန်လ ၂၄ ရက်နေ့က ကေအိုင်အေနှင့် ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် KPDF (Katha) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့် သေဆုံးခဲ့ကြောင်း KPDF က ယနေ့ ထုတ်ပြန်လိုက်သည်။

ကေအိုင်အေနှင့် ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် KPDF (Katha) ပူးပေါင်းတပ်မှ အထိအခိုက် မရှိကြောင်း ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် KPDF (Katha) ၏ လူမှုကွန်ယက် စာမျက်နှာတွင် ဖော်ပြထားသည်။

ထုတ်ပြန်ချက်မူရင်းကို ဖတ်ရှုရန် အောက်ပါလင့်ခ်ကို နှိပ်ပါ –https://www.facebook.com/104186071881635/posts/119964526970456/

သင့်ထင်မြင်ချက်ရေးပေးပါ