ဖားကန့် ဟောင်ပါးကျေးရွာတွင် စစ်ကောင်စီများတပ်ဖွဲ့ထားသည့်နေရာအနီး ဗုံးနှစ်လုံးကွဲ

ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာရှိ ‌အခြေခံပညာအထက်တန်ကျောင်းနှင့် မြောက်ကျောင်း ဘုန်းကြီးကျောင်းဝင်းအတွင်း ရွှေ၊ ကျောက်တူးဖော်နေသည့်လုပ်ကွက်တွင် ယနေ့ ဇွန်လ ၂၇ရက်နေ့ ၊ နံနက် ၆ နာရီခန့်က ဗုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖားကန့် ဟောင်ပါးကျေးရွာတွင် စစ်ကောင်စီများတပ်ဖွဲ့ထားသည့်နေရာအနီး ဗုံးနှစ်လုံးကွဲ

 

ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာသည် စစ်ကောင်စီတပ်များ တပ်ဆွဲထားသည့်နေရာ ဖြစ်ကြောင်း ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ဟောင်ပါးကျောင်းနဲ့ မြောက်ကျောင်းဘေးကျင်းလုပ်တဲ့နေရာ တစ်လုံးစီ ပေါက်တာ၊ အတော်ကျယ်တယ်၊ ဘုန်းကြီးကျောင်းလည်း အရေးတော်ပုံ မဖြစ်ခင်ကတည်းက သူတို့ အခြေချနေရာပဲ၊ ကျောင်းနားကိုလည်း အရပ်ဝတ်နဲ့ နှစ်ယောက်လာတယ်‌ပြောတယ်၊ အဲ့နှစ်နေရာလုံး သူတို့လူတွေ ညအိပ်တယ် “ဟု သူကပြောသည်။
ပေါက်ကွဲမှုဖြစ်ပွားချိန် ‌အထကကျောင်းမှ မှန်ကွဲပြီး၊ မြောက်ကျောင်းအနီးမှ ကျင်းလုပ်ကွက်အတွင်း ရပ်ထားသည့်ကားဘီးများ ဗုံးစထိမှန်ခဲ့ပြီး လူအထိအခိုက်မရှိကြောင်း သူကဆက်ပြောသည်။
ပေါက်ကွဲမှု နှစ်ခုသည် အချိန်လေးမိနစ်ခန့် ကွာ‌ေကြာင်းသိရသည်။

ဟောင်ပါးကျေးရွာအတွင်း စစ်အာဏာရှင်စနစ် ဆန့်ကျင်သည့် သပိတ်စစ်ကြောင်းများ ပြုလုပ်ချိန်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက်မှု ခြိမ်းခြောက်မှုများ မကြာခဏပြုလုပ်လျက်ရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ