စစ်ကောင်စီတပ် သင်္ဘောပေါ်မှ ပစ်သည့်လက်နက်ကြီးကျည် ရွာထဲကျ

ကချင်ပြည်နယ် ရွှေကူမြို့နယ်ရှိ ပေါက်ကုန်းကြီးကျေးရွာတွင် ယနေ့ဇွန်လ ၂၆ ရက်နေ့ညနေ ၅ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ် သင်္ဘောပေါ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးများရွာထဲသို့ ကျကြောင်း သိရသည်။

စစ်ကောင်းစီတပ်နှင့် ကေအိုင်အေတပ်တို့ကြား တိုက်ပွဲဖြစ်ပွားချိန်စစ်ကောင်စီ သင်္ဘောပေါ်မှ ပစ်ခတ်သော လက်နက်ကြီးများ ရွာထဲသို့ ကျရောက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

” သင်္ဘောကနေပစ်တာ ဘုန်းကြီးကျောင်းအနားမှာ တစ်လုံးကျတယ်။ ရွာဟောင်းကုန်းမှာ နှစ်လုံးကျတယ်။ ထိခိုက်မှုတော့ မရှိဘူး ” ဟုပြောသည်။

ရွှေကူမြို့နယ် ပေါက်ကုန်းကြီးကျေးရွာသို့ ပစ်ခတ်သည့် သင်္ဘောသည် ယနေ့မွန်းလွှဲ၌ ကသာမှ ဆန်တက်လာသည့် သင်္ဘောဖြစ်ကြောင်း အခြားဒေသခံ တစ်ဦးက ပြောသည်။

” နေ့လယ်က ကသာက တက်လာတဲ့ သင်္ဘော မီးမလောင်ဘူး။ ၄ နာရီလောက်က ကျောက်ကြီးကို‌ေကျာ်လာပြီး အခု ပေါက်ကုန်းမှာ ပစ်ကြတာဟုတ်တယ်” ဟုသူကပြောသည်။

ကသာမြို့နယ် မိုးတားလေးကျေးရွာအထက်၌လည်း ယနေ့မွန်းလွှဲ ၁ နာရီခန့်တွင် စစ်ကောင်စီသင်္ဘောမှ ရွာသို့ ရမ်းတမ်းပစ်ခတ်မှုများရှိခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ