ချီဖွေတွင် ဆီဘောက်ဆာကားတစ်စီး မီးလောင်

ကချင်ပြည်နယ် ချီဖွေမြို့နယ်ရှိ ချီဖွေ – ပန်ဝါလမ်း ၄ မိုင်ဂိတ်အကျော်တွင် ယနေ့ ဇွန်လ ၂၆ ရက် နေ့လယ်၂ နာရီခန့်က ဆီဘောက်ဆာကားတစ်စီး မီးလောင်ခဲ့ကြောင်း သိရသည်။

ချီဖွေ – ပန်ဝါလမ်း ၄ မိုင် ဂိတ်အကျော်တွင် ပန်ဝါမှဆင်းလာသော ဆီဘောက်ဆာကားတစ်စီး ‌ချိုင့်ထဲထိုးကျကာ မီးလောင်သွားကြောင်း မျက်မြင်‌ေတွ့ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။
” ပန်ဝါကနေ ဆင်းလာတဲ့ ဆီဘောက်ဆာကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ ချိုင့်ထဲထိုးကျပြီးတော့ မီးလောင်သွားတယ်” ဟုသူကပြောသည်။
မော်တော်ယာဉ်မောင်းနှင်သူသည် ကားနှင့်အတူ ချိုင့်ထဲထိုးကျသွားြပီး ကားပေါ်မှ ခုန်ဆင်းကျန်ခဲ့သော ယာဉ်နောက်လိုက်မှာ သတိမေ့နေကြောင်း သူကဆက်ပြောသည်။

ကချင်ပြည်နယ် ချီဖွေမြို့နယ်တွင် စစ်အာဏာသိမ်းပြီးနောက်တွင် ဆီဘောက်ဆာကားများသွားလာမှု များလာသည်။

သင့်ထင်မြင်ချက်ရေးပေးပါ