မိုင်းခေါင် အခြေခံပညာအထက်တန်းကျောင်း

ကချင်ပြည်နယ်၊ မံစီမြို့နယ် မိုင်းခေါင်ကျေးရွာရှိ မိုင်းခေါင် အခြေခံပညာ အထက်တန်းကျောင်းတွင် ယမန်နေ့ည ၁၀ နာရီခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကျောင်းဝင်းအတွင်းရှိ မူလတန်းကြိုကျောင်းဆောင်ဘက်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ဖြစ်တာက ည ၁၀ နာရီ ၉ မိနစ်မှာဟုတ်တယ်။ ကျောင်းဝင်းတွင်းက မူကြိုကျောင်းဘက်မှာ ပေါက်တာ။ တစ်ချက်ပဲပေါက်တာ အသံတော့ တော်တော်ကျယ်တယ်။ ဘယ်သူတွေလုပ်လဲတော့မသိဘူး။ မိုးချုပ်ပြီဆိုတော့ ဘယ်သူမှလည်း ထွက်မကြည့်ရဲကြဘူးလေ။ ပေါက်ကွဲပြီးနောက်တော့ စစ်သားတစ်ချို့နဲ့ ရွာလူကြီးတွေ သွားကြည့်ကြတယ်လို့ ပြောတယ်” ဟုပြောသည်။
ထိုပေါက်ကွဲမှုကြောင့် တစ်စုံတစ်ရာပျက်စီးသွားခြင်းမရှိကြောင်း သူက ဆက်ပြောသည်။
မိုင်းခေါင် အ.ထ.က ကျောင်းအနီးတွင် စစ်ကောင်စီတပ် တပ်မ ၉၉ နှင့် မိုင်းခေါင်စစ်ရှောင်စခန်း ရှိသည်။

မိုင်းခေါင် အ.ထ.က ကျောင်း၌ ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ်တွင် ကျောင်းတက်သူဦးရေ စုစုပေါင်း ၁၂၆၁ ဦး ရှိပြီး CDM လှုပ်ရှားမှုတွင် ပါဝင်သော ဆရာမ သုံးဦး ရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ

Leave a Reply

Your email address will not be published. Required fields are marked *