သူပုန်ကျောင်းအုပ် အလိုမရှိဟု ရေးသားထားသော ဆိုင်းဘုတ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖျက်ဆီး

ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာ ရပ်ကွက် ၂ ရှိ “သူပုန်ကျောင်းအုပ်အလိုမရှိ”ဟု ရေးသားထားသည့် ဆိုင်းဘုတ်ကို ယနေ့ ဇွန်လ ၂၄ ရက်နေ့၊ နေ့လည် ၁၁ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက် ဖျက်ဆီးသွားကြောင်း သိရသည်။

သူပုန်ကျောင်းအုပ် အလိုမရှိဟု ရေးသားထားသော ဆိုင်းဘုတ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖျက်ဆီး

 

အိမ်စီးကား နှစ်စီးဖြင့် လာ၍ “သူပုန်ကျောင်းအုပ်အလိုမရှိ”ဟူသော ဆိုင်းဘုတ်ကို ရိုက်ချိုးဖျက်ဆီးခဲ့သည့်အပြင် ရွာထဲအနှံ စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေရာယူထာသည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Mediaကိုပြောသည်။
“ဆိုင်းဘုတ်တွေ ရိုက်ချိုးသွားတာ ၊ ရွာထဲမှာလဲ တပ်ဖြန့်ထားတယ်၊ အိမ်စီးကား2စီး စစ်သားတွေ ရွာက မယ်သီလကျောင်းမှာရော၊ စာသင်ကျောင်းမှာလဲ စစ်သားတွေ ၁၅ ယောက်လောက်ရှိတယ် ရွာထဲမှာ စစ်သားတွေလဲ တပ်ဖြန့်ထားတယ် ပတ်နေတာ စကားဝါ ဘက်မှာလဲ စစ်အင်အား ၁၀၀ ၀န်းကျင် လောက်တပ်ဖြန့်ထားတယ် “ဟုသူကပြောသည်။
ထိုဆိုင်းဘုတ်မှာ ယခင်က တံတားအလှူရှင် အမည်ဖော်ပြထားသော ဆိုင်းဘုတ်ဖြစ်ပြီး လွန်ခဲ့သော တစ်ပါတ်ခန့်က “သူပုန်ကျောင်းအုပ်အလိုမရှိဟု” မှုတ်ဆေးဖြင့် ရေးသားလိုက်ခြင်းဖြစ်သည်။

ဖားကန့်မြို့တွင် ဟောင်ပါး ကျေးရွာအနီးရှိ တာမခန်တွင်လည်း ဇွန်လ ၂၃ ရက်နေ့ ည ၁၀ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီး ၅ ချက်နှင့် သေနတ်ပစ်ဖောက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ