မန္တလေးပစ်ခတ်မှုတွင် သေဆုံးသွားသည့် အရပ်သားလူငယ် လေးဦးကို PDF ဖြစ်ကြောင်း စစ်ကောင်စီလိမ်လည်ထုတ်ပြန်

မန္တလေးမြို့တွင် ယမန်နေ့ ဇွန် ၂၂ ရက်နေ့က အရပ်သားလူငယ်လေးဦး စီးနှင်းလာသည့် ကားကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လိုက်လံပစ်ခတ်သတ်ဖြတ်ခဲ့ပြီး အဆိုပါလေးဦးသည် PDF တပ်ဖွဲ့ဝင်များဖြစ်ကြောင်း စစ်ကောင်စီက လိမ်လည်ထုတ်ပြန်ခဲ့သည်။

မန္တလေးပစ်ခတ်မှုတွင် သေဆုံးသွားသည့် အရပ်သားလူငယ် လေးဦးကို PDF ဖြစ်ကြောင်း စစ်ကောင်စီလိမ်လည်ထုတ်ပြန်

စစ်ကောင်စီတပ်ဖွဲ့ဝင်များက အဆိုပါလူငယ်လေးဦးစီးနှင်းလာသည့် ကားကို လိုက်လံဖမ်းဆီးစဉ် ဓာတ်တိုင်ကိုတိုက်မိပြီး ကားရပ်သွားစဉ် ကားပေါ်ပါ လူငယ်လေးဦးကို ဖမ်းဆီးသွားပြီး သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
သတ်ဖြတ်ခံရသည့် လူငယ်လေးဦးသည် ရှမ်းပြည်နယ်မြောက်ပိုင်းနမ့်ခမ်းနှင့် သီပေါမြို့တွင်နေထိုင်သူများ ဖြစ်ကြပြီး တအောင်း (ပလောင်) လူငယ် သုံးဦးနှင့် တရုတ်လူငယ်တစ်ဦးတို့ဖြစ်ကြသည်ဟု လားရှိုးအခြေစိုက် ရွှေဖီမြေသတင်းဌာနက ရေးသားဖော်ပြထားသည်။
သေဆုံးသွားသူများထဲမှ တအောင်း (ပလောင်) လူငယ်တစ်ဦးသည် ဇွန်လ ၆ ရက်နေ့က မင်္ဂလာဆောင်ထားသူဖြစ်သည်။
၎င်းတို့၏မိသားစုဝင်များက သေဆုံးသူများသည် PDF များနှင့် လုံးဝပတ်သက်မှုမရှိဘဲ ယခုအချိန်အထိ အလောင်းများကို ပြန်လည်ရရှိခြင်းမရှိသေးကြောင်း သတင်းဌာနကို ထုတ်ဖော်ပြောဆိုထားသည်။
စစ်ကောင်စီဝါဒဖြန့် ယနေ့ ဇွန်လ ၂၃ ရက်ထုတ် မြန်မာ့အလင်းသတင်းစာတွင် အဆိုပါလေးဦးသည် PDF များဖြစ်သည်ဟု ဖော်ပြထားသည်။
Photo – သတ်ဖြတ်ခံရသည့် လူငယ်များနှင့် စစ်ကောင်စီက မြန်မာ့အလင်းတွင်ဖော်ပြထားသည့် လိမ်လည်ထုတ်ပြန်ချက်

Photo Source – Shwe Phee Myay News Agency

သင့်ထင်မြင်ချက်ရေးပေးပါ