Breaking!!!

မိုးမောက်မြို့ရှိ အ.ထ.က ကျောင်းတွင် ယနေ့နံနက် ၉ နာရီ ၁၅ ခန့်က ဗုံးနှစ်လုံးပေါက်ကွဲခဲ့သည်ဟု ကနဦးသိရသည်။

ဗုံးကွဲမှုကြောင့် ကျောင်းတွင်တာဝန်ထမ်းဆောင်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ‌‌ဒေသခံများထံမှ သိရသော်လည်း အသေးစိတ်ကို The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ဗုံးကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ပရဟိတအဖွဲ့များမှ လူနာတင်ယာဉ်ကားများ ကျောင်းဘက်သို့ သွားနေသည်ကို တွေ့ရကြောင်း ဒေသခံများက ပြောသည်။
အဆိုပါကျောင်း၏ ကျောင်းအုပ်ကို အမည်မသိအဖွဲ့တစ်ဖွဲ့က ကျောင်းမဖွင့်ရန် အကြောင်းကြားသတိပေးစာ အကြိမ်ကြိမ်ပေးပို့ခဲ့ပြီးဖြစ်သည်ဟု သိရသည်။

ဆက်လက်ဖော်ပြပါမည်။

သင့်ထင်မြင်ချက်ရေးပေးပါ